-End-

17.8K 581 27
                                    

Unicode 🩺

"ဂုဏ်ယူပါတယ် ကိုမြတ်မင်းခေါင်။ နောက်ဆုံးတော့ မိမှုံကို လက်ထပ် နိုင်ခဲ့ပြီပေါ့"

"ဟားဟား...ကျေးဇူးတင်ပါတယ် ညီလေးရာ"

မှုံနှင့် ကိုမြတ်မင်းခေါင်တို့၏ ရည်းစားသက်တမ်းသည်(၈)နှစ်နီးပါး။ ဖူဂျိုရှီအမှောင်မယ်တော် မှုံနံ့သာလှိုင်အား တစ်နှစ်နီးပါး သံယောဇဉ်ယူ အချိန်ယူကာ ချစ်ခွင့်ပန်ရသည်။

ရည်းစားဘဝတွင်လည်း သူ(မ)၏ သားဖြစ်သူများနှင့် ယှဉ်လျှင် မြတ်မင်းခေါင်က ဒုတိယ နေရာတွင်နေခဲ့ရသည်မို့ ရည်းစားဘဝတွင်လည်း မြတ်မင်းခေါင်သည် ပလစ်ခံ။ လက်ထပ် ဖို့ အတွက်ကျတော့လည်း ကြောက်သည်ဟု ဆိုကာ ဟိုရွှေ့ ဒီရွှေ့နှင့် အချိန်အတော်ကြာသွားခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ ဒီ အမှောင် ဂျစ်တူး မလေးကို အချစ်ပိုရသည်သာပင်။

မင်္ဂလာပွဲသည် ဘုန်းကြီးကျောင်းတစ်ခုတွင် ဆွမ်းကျွေးလုပ်ခြင်းဖြစ်သည်။ အကြီးအကျယ် မလုပ်ချင်သော မှုံ့ ဆန္ဒကြောင့် ခင်မင် ရင်းနှီးသူ အချို့ဖြင့် သာ ကျင်းပဖြစ်သည်။

လူရှုပ်တာ မကြိုက်သည့် ကိုကိုသည် ဘုန်းကြီးကျောင်း ဝန်းထဲတွင် ခန့်နှင့် အတူ ထိုင်နေသည်။ ဇလပ်လေးကတော့ မေမေ၊ မမိုး၊ အဆုတို့ နှင့်အတူ ကျန်နေခဲ့သည်။

"မောင်...ကိုယ်တို့ မင်္ဂလာဆောင်တာကို မှတ်မိသေးလား"

"မှတ်မိတာပေါ့ဗျ။ လုံးဝ မမေ့ဘူး"

"အင်း အဲ့တုန်းက ဘာ ပကာသနမှ မပါပေမဲ့ကိုယ် အရမ်းပျော်ခဲ့ရတာ"

အတွေးတွေသည်အတိတ်တစ်ချိန်ဆီသို့.....

လွန်ခဲ့သော (၉)နှစ် တိုကျိုမြို့ရှိ ဂျပန်ဘုရားကျောင်းတစ်ခုတွင် ရိုးရာဝတ်စုံဝတ်ထားသော ကောင်လေးနှစ်ယောက်ရှိနေသည်။

"ကိုကို ကဒီရိုးရာဝတ်စုံနဲ့လဲ ကြည့်ကောင်းတယ်"

"ကိုယ် ကြည့်မကောင်းတဲ့ အချိန်ရှိသေးလို့လား"

"ရှိတယ်"

ကိုကို သည် သူမျှော်မှန်းထားသည့် အဖြေမဟုတ်သည့် အတွက် အနည်းငယ် ဆူပုတ်သွားပြီး

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now