အပိုင်း[၁၁]

12.9K 837 29
                                    

Unicode🩺

ပိုးမခ ရဲ့ခေါ်ဆောင်မှုဖြင်ခန့်တစ်ယောက် shopping mall ထဲသို့ရောက်ရှိလာသည်။ တိတိကျကျ ပြောရလျှင် ML group ၏ပိုင်ဆိုင်မှုများထဲမှ တစ်ခုပင်။

"ဒီနေ့ပိတ်တာလား"

"မဟုတ်ဘူး ကိုယ်စျေးဝယ်ထွက်မယ်ဆိုလို့ ပိတ်ထားတာ။ လာ..သွားမယ်"

စျေးဝယ်သူဟူ၍သူတို့နှစ်ဦးသာရှိသည့် shopping mall ကြီး။ ဝန်းထမ်းတွေကတော့ ကိုယ့်နေရာကိုယ်ထိုင်နေကြသည်။ ခန့်တို့ ဝင်လိုက်သည်နှင့် နောက်ကနေ လူသုံးယောက်က လိုက်လာကြသည်။

"ကျွန်တော့်မှာ luggage ရှိတယ်"

"ခန့်မှာရှိတဲ့ ဟာမသုံးနဲ့တော့။ ကိုယ်ခရီးသွားရင် သင့်တော်မယ့်ဟာ ရွေးပေးလိုက်မယ်"

ခန့်ကို ပြန်မကြည့်ဘဲ ဆိုင်က ဝန်ထမ်းလေးနဲ့ luggage အကြောင်းပြောနေသော ပိုးမခ။

"အင်း... ဒါလေးဆို အဆင်ပြေပြီ။ ဒါယူမယ်"

"ပိုက်ဆံ"

"ကိုယ်တစ်ယောက်လုံးရှိနေတာ ဒီmall ထဲကကြိုက်တာသွားယူလို့ရတယ် လာခဲ့"

ခန့် ထိုအချိန်မှနောက်က လူ(၃)ယောက်ဘာလို့ လိုက်လာမှန်း သိလိုက်ရသည်။တခြားတော့မဟုတ်ပေ... ခန့်တို့ အထုပ်ဆွဲဖို့ပင်။

ခန့်လက် ကိုဆွဲပြီး ရှေ့က နေသွားသည့် ပိုးမခသည် ဖိနပ်ဆိုင် တစ်ခုထဲဝင်ပြီး

"အသစ်ရောက်တဲ့ Hiking shoes တွေပြပေး"

"ဒီမှာ ကျွန်တော့်ကို ငမွဲလို့ထင်နေလား"

"မထင်ပါဘူး ဒါပေမဲ့ ကိုယ် ဝယ်ပေးတာတွေသာ မယူရင် ခရီးကျ ခန့်ပဲအဆင်မပြေဖြစ်မှာ။ ရန်လင်းနောင် ကိုလဲ သူ့အစ်ကိုတည်ကြည်ဟိန်းက စီစဉ်ပေးနေပြီ။ ဆိုတော့...ခန့်ကငြိမ်ငြိမ်လေး ကိုယ်စီစဉ်ပေးတာ လက်ခံလိုက်"

"အစ်ကိုလေး ဒါဒီလအတွင်း အသစ်ရောက်တဲ့ ပစ္စည်းတွေပါ"

"အင်း ဒီနားချခဲ့"

ဝန်ထမ်း ကောင်မလေး (၃)ယောက်လာချပေးသည့် စျေးကြီးသည့် ဖိနပ်ပေါင်းများစွာက ခန့်တို့နားတွင် ပုံနေသည်။

"ခန့်ဒီမှာ ထိုင်"

ဆိုဖာ ခုံပုလေးမှာ ထိုင်ပြီး သူကတော့ ဒူးတစ်ဖက်ထောက်ကာ ဖိနပ်တွေ စိတ်ကြိုက်ရွေးပေးနေသည်။ သူသဘောကျတာတွေ့တော့

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now