အပိုင်း[၂၁]

14.6K 799 28
                                    

Unicode🩺

"ကိုကို..ကိုကို ထတော့လေ"

"အင်း...မောင် ငါးမိနစ်"

"ကိုကိုအိပ်ပုတ်လေး"

မင်းခန့်ထည် သူ့ခါးကိုဖက်ပြီး ရင်ခွင်ထဲမျက်နှာအပ်ထားသော ကိုကို့ကို ပိုတိုးဖက်ရင်းပြောလိုက်သည်။

"ကိုကို မောင်လို့ခေါ်တာကိုသဘောကျတယ်"

ခန့်ပြောလိုက်တော့ ရင်ခွင်ထဲက ရယ်သံပိစိလေးထွက်လာသည်။

"ထတော့လေ မောင်တို့ တိမ်ပင်လယ်မမီဘဲနေမယ်ကိုကိုရဲ့"

သူ့ကိုယ်သူမောင်လို့ ပြောတဲ့ ကောင်လေးက ပိုးမခ ကိုရင်ခုန်အောင်များ ပြုစားနေသလား။

တောင်ပေါ် ဒေသ၏ မနက်ခင်း တိမ်ပင်လယ်အလှကို ခံစားရန် ပိုးမခနှင့် ခန့်တို့ အပြင်ထွက်လာကြသည်။ မှုံကတော့ ပြုံးစိစိဖြင့် ကပ်လာပြီး

"ပြန်ရောက်ရင် Official page ထောင်ပြီး ship မယ်နော်ဟိဟိ"

ခန့်လဲ ဘာမှမပြောဘဲ ရှက်ပြုံးကြီးဖြင့်။ ကိုကိုကသူတို့နားလာသောကြောင့် မှုံက ဟိုဘက်ရှောင်ပေးသွားသည်။

"ကိုကို့လက်ပေး"

အေးစက်နေသည့် လက်ချောင်းသွယ်သွယ်အား ခန့်လက်အစုံဖြင့် ကိုင်ပြီး အင်္ကျီအိတ်ကပ်ထဲ ထည့်ကာ ပူးကိုင်ထားသည်။

"ကိုကိုအေးနေမှာစိုးလို့"

မောင်ကတော့လေ ဉာဏ်များလိုက်တာ။

တခြား တပည့်တွေ တွေ့မည်စိုးသောကြောင့် လူရှင်းသည့် သစ်ပင် အောက်တွင် နှစ်ယောက်သား ရပ်ရင်း တိမ်ပင်လယ်ကြည့်နေကြသည်။အေးမြသော မနက်ခင်းတွင် မောင်က သူ့ကိုရင်ခွင်ထဲထည့်ကာ နောက်မှ သိုင်းဖက်ထားသည်။ မောင့်ရင်သွေ့နွေးနွေးက ပိုးမခကို စိတ်အေးချမ်းစေသည်။

"ကိုကိုသာ မောင့်ကိုမချစ်ခဲ့ရင် ဘယ်လိုလုပ်မလဲဟင်"

မောင်က ခါးလေးကိုင်းပြီး သူ့ပခုံးပေါ် ခေါင်းတင်ကာ ပြောလေရဲ့။

"ကိုယ့်မှာ နှလုံးသားနှစ်ခုရှိရင်တောင် မောင့်ကိုပဲနှစ်ကြိမ်လုံးချစ်မိမှာ"

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now