အပိုင်း[၂၅]

11.3K 636 16
                                    

Unicode 🩺

"ဒီနေ့အားတာအပြင်လျှောက်လည်ချင်လား ကိုကို"

"ဟင့်အင်း မသွားချင်ဘူး။ကိုယ်လူရှုပ်တဲ့နေရာတွေလည်းမသွားချင်ဘူး။ အိမ်မှာဘဲရုပ်ရှင်ကြည့်ကြမယ်လေ"

"အင်း ကိုကိုကြည့်မယ့်ကားရွေးထားလေ။ မောင်ရုပ်ရှင်ကြည့်ရင်း စားဖို့တစ်ခုခုလုပ်ပေးမယ်"

"ဟုတ် ဟုတ်"

ထိုင်နေရာကနေ ထပြီး မောင်က မီးဖိုခန်းထဲဝင်သွားသည်။ ပိုးမခ ထလိုက်ပြီး TV ဖွင့်ကာ Netflix ကနေကြည့်မည့် ကားကိုရွေးနေသည်။

ရုပ်ရှင်ကြည့်တော့ မောင့်ပေါင်ပေါ် ခေါင်းအုံးအိပ်ပြီး မောင်က သူ့ဆံပင်လေးတွေကို လက်တစ်ဖက်ဖြင့် ထိုးဖွပေးနေသည်။ ကျန်လက်တစ်ဖက်ကိုတော့ ပိုးမခက ကိုင်ပြီးရင်ဘတ်ပေါ်တင်ထားသည်။

"ဟင်...မောင်.! လက်သည်းတွေရှည်နေပါလား"

"အွန်း နည်းနည်းလေးရှည်နေတာ။ ထားလိုက်ပါ"

"နည်းနည်းလည်းမရဘူးလေမောင်ရာ။ မောင်က ဆရာဝန်တစ်ယောက် လူနာတွေကိုအမြဲထိတွေ့နေရမှာ။ မောင့်လက်က ရောဂါပိုးတွေမရှိအောင် သန့်ရှင်းနေရမယ်လေ။ ကိုယ်ညှပ်ပေးမယ် ခဏစောင့်"

ပြောပြီး လက်သည်းညှပ်သွားထယူကာ သူ့လက်တွေကို ဂရုတစိုက်လာညှပ်ပေးသည်။

"ဆရာဝန်ဆိုတာ လူနာတွေအတွက် အဓိကကြည့်ရတယ်မောင်ရဲ့။ မောင်ညစ်ပတ်လို့မရဘူးနော်"

စကားလေးတပြောပြောနဲ့ ကိုကိုက တကယ် ဂရုစိုက်ပြီး သေချာညှပ်ပေးနေသည်။ လက်သည်းလေးတောင် ညှိပေးလိုက်သည်။

"ရပြီ။ လက်သွားဆေးမယ်"

လက်ဆေးပေးပြီးပြန်လာလို့ TV ကြည့်လိုက်တော့

"ဟော..ဇာတ်ကားတောင်ပြီးတော့မယ်"

"ကိုယ်ပျင်းလာပြီ"

"ဘာလုပ်ချင်လဲ။ အောက်ဆင်းလမ်းလျှောက်မလားကိုကို"

"အင်း ကောင်းသားဘဲ"

အဆင့်မြင့်အိမ်ယာဖြစ်သည့်အတွက် ကလေးတွေ ကစားဖို့ ကစားကွင်းနှင့် လမ်းလျှောက်ရန်အတွက် သေချာစီစဉ်ပေးထားသည်။ ပိုးမခတို့ လမ်းလျှောက်နေတုန်း နောက်က ကလေးတွေက စကိတ်ဘုတ် ကိုယ်စီဖြင့် ကျော်တက်သွားသည်။

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Donde viven las historias. Descúbrelo ahora