အပိုင်း[၂၀]

15.5K 819 25
                                    

Unicode 🩺

"ဒီနေ့ ပိုးမခနဲ့ တည်ကြည်ဟိန်းတို့အဖွဲ့ ဟိုဘက်ရွာသွားကြမှာမို့လား"

တည်ကြည်ဟိန်း လိုအပ်တာတွေပြင်နေတုန်း ဆရာကြီးမှ လာမေးခြင်း။ ဒီအဖွဲ့ထဲမှာတော့ ဆရာကြီးက အသက်အကြီးဆုံးနဲ့ ပညာမှာလည်းအတော်ဆုံးမို့လို့ အားလုံးက ခေါင်းဆောင်အဖြစ် လေးစားကြည်ညိုကြသည်။

"ဟုတ်ကဲ့ ဆရာကြီး"

"အေး အေး သတိထားပြီးသွားကြကွယ်"

"ဟုတ်ကဲ့"

မနက်(၁၀)နာရီလောက်ရောက်တော့ ဟိုဘက်ရွာကိုရောက်ပြီး ပိုးမခတို့ခဏနားကြသည်။ ခြေလျင် ခရီးမို့လို့ ခြေထောက်တွေညောင်းကိုက်နေပြီး ကိုယ့်ခြေထောက်ကိုယ် ပြန်နှိပ်နေတုန်း သူ့ရှေ့ ဒူးတစ်ဖက် ထောက်ထိုင်လာကာ ခြေထောက်ကို လာကိုင်သည့် ခန့်ကြောင့် လန့်သွားရသည်။

"မရုန်းနဲ့ဗျာ၊ ခဏလေးငြိမ်ငြိမ်နေ"

အမိန့်တစ်ခုလို နာခံသည့် ကိုယ့်ကိုကိုယ်လည်း အံ့ဩမိသည်။ ခန့်က သူ့ဖိနပ်တင် မက ခြေအိတ်ကိုပါ ချွတ်ပြီးအနည်းငယ် နီရဲနေသည့်သူ့ခြေထောက်အား သေချာကြည့်ပြီး သူ့အိတ်ထဲမှ ဆေးဘူးလေးကိုထုတ်ယူလိုက်သည်။

"ဒါက မေမေထည့်ပေးလိုက်တာ။ ဆေးကို သေချာလိမ်းပြီးကျွန်တော်နှိပ်ပေးမယ်နော်"

ဆေးကို အသားထဲစိမ့်ဝင်အောင် ခန့်က လိမ်းပေးရင်း သူ့ခြေထောက်အား နှိပ်ပေးနေသည်။ ပိုးမခ နည်းနည်းတော့ မျက်နှာပူမိသား။ တခြားပါလာသော လူတွေကလည်း သူတို့ကိုကြည့်နေသည်။ သို့သော် အရင်တည်းက ပျံ့နေသည့် သူတို့သတင်းကြောင့် ဘာမှအထွေအထူးတော့မပြောကြပေ။

"ဒီညကို လေထန်ကုန်း တောင်ထိပ်မှာ အိပ်ရမှာမို့လား။ ကိုကိုလမ်းလျှောက်ရတာ အဆင်မပြေရင် ကျွန်တော့်ကိုခေါ်လိုက်။"

ခန့်က ဆေးလိမ်းပြီးသော ခြေထောက်ကို ခြေအိတ်ပြန်ဝတ်ပေးပြီး ဖိနပ်ကြိုးပါသေချာ ချည်ပေးသွားသည်။ ဒီကောင်လေး သိပ်ခြွေတာဘဲ။

"ဆရာလေး..ကျွန်မ သားလေး ဖျားနေတာ အိမ်လိုက်ကြည့်ပေးလို့ရမလားရှင်"

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now