Mee Lhyan & Si Thu(4)

5.2K 335 4
                                    

Unicode 🩺

"ဦးစည်သူ တူတူအိပ်မယ်လေဗျာ"

"အခန်းတွေ ကျန်သေးတာ သွားအိပ်ပါလား"

"ဦးစည်သူနဲ့ အိပ်ချင်လို့ လိုက်လာတာပါဆို ဖက်လုံးဖက်အိပ်စရာလား"

"မီးလျှံသစ် ဟိုဘက်အခန်းသွားစမ်း"

အခန်းတံခါးဝကနေ တွန်းထုတ်လိုက်ရသည်။ ကိုယ်နဲ့ ခန္ဓာကိုယ်ချင်း မတိမ်းမယိမ်းမို့ တော်တော်လေး အားစိုက်ထုတ်ရသည်။ တံခါးပြန်ပိတ်ပြီး ကုတင်ပေါ်တက်ကာ အိပ်မည်ကြံတုန်း...

"ဦးစည်သူ!"

အလန့်တကြားနာမည်ခေါ်ကာ ကုတင်ပေါ် ပြေးတက်လာပြီး သူ့ကိုပြေးဖက်လာတဲ့ မီးလျှံသစ်။

"ဟာ.! ဟေ့ကောင် ဘာဖြစ်လာတာလဲ"

"ဟီး..ဘာမှမဖြစ်ဘူး။ ဖက်အိပ်ချင်လို့"

စည်သူ့တစ်ကိုယ်လုံးကို လှုပ်မရအောင် ဖက်တွယ်ထားသော ထိုကောင်လေးက အားသုံးကာ စည်သူ့ကို အိပ်ရာပေါ် လှဲချလိုက်ပြီး ဘေးစောင်းအနေအထားဖြင့် ထိုကောင်လေးရဲ့ ခြေလက်တွေက ရေဘဝဲတစ်ကောင်လို ကိုယ်ကို ရစ်တွယ်ထားသည်။ ရုန်းဖို့ မေ့ရသည်အထိ အပြုအမူတွေက ရင်ခုန်ရလွန်းပါသည်။

"Good Night"

အခြေအနေမဟန်သော အနေအထား ကြီးကို ကောင်လေးက အေးဆေးလို့ သဘောထားပေမယ့် စည်သူ့အတွက်တော့ Good Night ပြန်ပြောဖို့တောင် အသံ မထွက်လာတော့။

"ဦးစည်သူ Goodnight ပြန်ပြောရမယ်လေ။ ဦးစည်သူ"

မီးလျှံသစ် ထလာပြီး စည်သူ့ ကို အပေါ်မှ အုပ်မိုးလျက် မျက်နှာကို ငေးကြည့်နေမိသည်။ ဒီလူကြီးကချောလွန်းတာမျိုးလဲ မဟုတ်။ သို့ပေမယ့် ဒီလူကြီးရဲ့ မျက်နှာလေးကို မြင်ရတိုင်း အေးချမ်းရသည်။

"ဦးစည်သူ"

မျက်လုံး အတင်းမှိတ်ထားမှန်းသိလို့ ပါးကို တို့ထိရုံ ထိလိုက်။ ပိတ်နေသည့် မျက်ခွံတွေကို အတင်း ဟ ကြည့်လိုက်နှင့် မီးလျှံသစ် အလုပ်ရှုပ်နေပါသည်။

"မီးလျှံသစ်! မင်းဘယ်လိုဖြစ်.."

ဆက်ပြောမည့် စကားက လည်ချောင်းဝတွင် ရပ်တန့်သွားရသည်။ စည်သူ ကြည့်လိုက်တော့ သူ့မျက်နှာနှင့် ကောင်လေးရဲ့ မျက်နှာကြား (၁၀) စင်တီမီတာ ခန့်သာ ကွာတော့သည်။ ကောင်လေးရဲ့ဝင်သက်ထွက်သက်က သူ့မျက်နှာပေါ် ရိုက်ခတ်နေသည်။

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now