အပိုင်း[၂၃]

12.8K 740 13
                                    

Unicode 🩺

"မောင်လဲလိုက်မယ်မို့လား"

"လိုက်မှာပေါ့ဗျ။ ကိုကို့ကို တစ်ယောက်တည်းလွှတ်စရာလား"

ပြောနေရင်းနှင့် သူ့ပါးကို လာဆွဲတဲ့မောင်က ကိုယ့်ကို သူ့ထက် အငယ်များအောက်မေ့နေသလား။  မနက်စာ စားပြီး ဟိုဘက်ရွာကို မောင်နဲ့ထွက်လာခဲ့ကြသည်။ အရင်တစ်ခါက ခြေထောက်ဒဏ်ရာရပြီး ချုပ်ထားရသည့်လူနာကို ဒီနေ့ ဒဏ်ရာအခြေအနေကြည့်ပြီး ချုပ်ရိုးဖြေရမည်လေ။ အနာ မကျက်သေးလျှင်လဲ မြို့တက်ပြီး ဆေးခန်းဆက်ပြဖို့ပြောရမည်မို့လား။

"ကိုကို့ လက်ထဲက အထုပ်တွေပေး"

လမ်းလျှောက်နေရင်းနှင့်ပင် မောင်က ကိုယ့်လက်ထဲကဆေးအိတ်ကိုဆွဲပြီး သူ့လက်တစ်ဖက်တည်းနဲ့ပေါင်းသယ်လိုက်သည်။

"မောင်က အထုပ်တွေဆွဲမယ်။ ကိုကိုက မောင့်လက်ကိုဆွဲ"

ပြောနေရင်းနှင့် နွေးထွေးသော မောင့်လက်ဖဝါးကျယ်ကြီးက လာဆုပ်ကိုင်လေတော့ ပိုးမခမှာ သစ်ရွက်လှုပ်တာနဲ့ ရင်ခုန်တတ်သည့် ဆယ်ကျော်သက်လေးလို ရင်တွေခုန်လို့။

"အန်တီ.. ဒဏ်ရာက အတော်ကျက်နေပြီမို့လို့ ကျွန်တော် ချုပ်ရိုးဖြေပေးလိုက်ပြီဗျ။ အလုပ်တော့အရမ်း မလုပ်စေချင်သေးဘူး။ ဆေးလဲ သောက်ဖို့ပေးထားခဲ့မယ်။ ပုံမှန်သောက်ပေးဗျာ။ တစ်ခုခုအဆင်မပြေတာဖြစ်ရင် ဖလမ်းကိုတက်ပြီး ဆေးခန်းပြကြည့်ပေါ့"

"ဟုတ်ကဲ့ ကျေးဇူးပါဆရာလေးတို့ရယ်။ ဆရာလေးတို့ ဒီနေ့ ပြန်ကြတော့မှာမို့လား။ ကျွန်မလက်ဆောင်လေးတွေထည့်ပေးချင်လို့"

ချင်းပြည်ထွက် အသီးအနှံအချို့နှင့် လက်ဖြင့် ရက်လုပ်ထားသော ရိုးရာအထည်အချို့ကို ပေးလေးသည်။

"မဟုတ်တာ အန်တီရယ်။ အိမ်အတွက်လည်း သိမ်းထားပါဦး"

ဟုဆိုကာ ပိုးမခတို့ အနည်းငယ်သာယူပြီး ပြန်လာခဲ့ကြသည်။

"မောင် ရန်ကုန်ရောက်ရင် အိမ်တန်းပြန်မှာလား"

"အင်းလေး ဘာဖြစ်လို့လဲကိုကိုရဲ့"

"ဘာမှမဟုတ်ပါဘူး"

အနည်းငယ် မျက်နှာလေးညိုးသွားသော ပိုးမခကြောင့်

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Tempat cerita menjadi hidup. Temukan sekarang