အပိုင်း[၂၉]

10.4K 611 16
                                    

Unicode🩺

"ဂုဏ်ယူပါတယ် မင်းခန့်ထည်"

(၇)နှစ်တာလုံး ထူးချွန်ကျောင်းသားဖြစ်ခဲ့သောကြောင့် ဆရာများစွာ၏ ချီးကျူးစကားကိုလက်ခံရရှိပါသည်။ ဒါတင်မက ဂျူနီယာ ကောင်မလေးအချို့၏ ပန်းစည်းများ အရုပ်များသည် မင်းခန့်ထည် လက်တွင်သာမက မှုံတို့ ပါ ဝိုင်းကိုင်ပေးထားရသည်။ ဓာတ်ပုံတွဲရိုက်သူက ရိုက်လို့။

ကိုကိုတော့ စိတ်ကောက်နေတော့မှာဘဲဟု တွေးမိသော်လည်း ချစ်ရသူက အပင်ရိပ်လေးအောက်မှာ ဖေဖေတို့နှင့် စကားပြောရင်းရယ်မောနေသည်။ အစက သဘောမတူဘူးပြောသော ဖေဖေက ယခုတော့ ကိုကိုနဲ့ပိုရင်းနှီးပြီး သားအရင်းဖြစ်သူထက် ကိုကို့ကို အချစ်ပိုနေကြသည်။ အနားမှာလူတွေရှင်းသွားမှ ကိုကို့ဆီသွားပြီး

"ကိုကို"

"မောင် ပြီးပြီလား"

"အင်း ကိုကို့ပန်းစည်းကော"

"မောင်အများကြီးရထားတာလေ လိုသေးလို့လား"

"ဟာဗျာ...အဲ့တာတွေက ကိုကို့ဆီက မဟုတ်ဘူးလေ"

"ဘယ်လိုလုပ်မလဲ ကိုယ်ပါမလာဘူး"

"ကိုကိုဗျာ"

"ဟားဟား...မောင်က တကယ်ကလေးလေးကွာ"

ရယ်မောနေရင်း ကိုကိုက ရပ်ထားသည့် ကားဆီသွားပြီး ကားတံခါးကိုဖွင့်ကာ တစ်ခုကိုထုတ်ယူလာသည်။

"မောင့်အတွက်"

"ဘာလို့နေကြာတုန်း ကိုကိုရဲ့"

اوووه! هذه الصورة لا تتبع إرشادات المحتوى الخاصة بنا. لمتابعة النشر، يرجى إزالتها أو تحميل صورة أخرى.

"ဘာလို့နေကြာတုန်း ကိုကိုရဲ့"

တခြားလူတွေအားလုံးမတူဘဲ ကွဲထွက်နေသည့် နေကြာပန်းစည်းလေး။

"နေကြာပန်းလေးတွေက နေရှိရာ အရပ်ကို မျက်နှာမူပြီး ရင်သန်ရတယ်တဲ့ ။ကိုယ်ကတော့ မောင်ရှိရာ အရပ်ကို မျက်နှာမူပြီး ရှင်သန်ရမဲ့မောင့်နေကြာ"

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)حيث تعيش القصص. اكتشف الآن