အပိုင်း[၃၀]

10.3K 574 2
                                    

Unicode 🩺

"ကိုကိုရေ ပြီးပြီလားဗျ"

"လာပြီ မောင်!"

လှေကားမှ ပုဆိုးအနက်လေးနှင့် ဆင်းလာသော ကိုကိုသည် လည်ကတုံးအဖြူစွတ်စွတ် လက်ရှည်လေးကို တံတောင်ဆစ်ထိ ခေါက်ဝတ်ထားသောကြောင့် ဖြူနုပြီး အစိမ်းရောင်သွေးကြောလေးများက ယှက်ဖြာနေသည်။ ကိုကို သိပ်ချောတာဘဲ။

ကိုကို့မွေးနေ့အတွက် မနက်ခင်း ဘုန်းကြီးဆွမ်းလောင်းရန် မေမေက ပြင်ဆင်ပေးထားသောကြောင့် ကိုကို့အား ပုဆိုးဝတ်ခိုင်းထားရသည်။

"ဘာတွေ ကြည့်နေတာလဲ မောင်ရ"

"မောင့်ကိုကိုက အရမ်းချောနေလို့"

" ဟားဟား...မောင်ကွာ"

"သားတို့ရေ လာတော့။ ဘုန်းဘုန်းတွေ ဆွမ်းခံကြွလာပြီ။ ဖေကြီးရေ... မုန့်ထုပ်တွေ အဆင်သင့်ပြင်ထားဦးနော်"

ဆွမ်းနှင့် ဆွမ်းဟင်းသာမက မုန့်ချိုနှင့် အအေးပါ ကပ်မည့် မေမေသည် ကိုကို့မွေးနေ့မှာ ကုသိုလ် ပိုရအောင်ဟုဆိုသည်။ ကိုကိုနှင့်အတူ ဆွမ်းထည့်ပေးနေတုန်း မေမေက ဆွမ်းဟင်းကို ဘုန်းကြီးကျောင်းသားများအား ထည့်ပေးနေသည်။ ဖေဖေကလည်း မုန့်ချိုနှင့် အအေးကို သေချာထည့်ပေးနေသည်။ (၄)ယောက်လုံးအတွက် သာယာကြည်နူးဖွယ်ကောင်းသော နံနက်ခင်းလေးပေ။

"သားတို့ မနက်စာ စားကြမယ်။ မေမေ မုန့်ဟင်းခါးချက်ထားတယ်။ မှုံလေးတို့ကိုလည်း ဖုန်းဆက်ကြည့်ဦးသား မေမေပြောတော့ပြောထားတယ်"

"ဟုတ် မေမေ။ ကိုကို မောင်ဖုန်းသွားဆက်လိုက်ဦးမယ်နော်"

"မဆက်နဲ့တော့ မောင်ရဲ့ (၄)ယောက်လုံးအိမ်ရှေ့မှာ"

"ဟင်"

အိမ်ရှေ့ကို ကြည့်မိတော့မှ မှုံနံ့သာလှိုင်၊ ဆုရဝေ၊ ရန်လင်းနောင်နှင့် တည်ကြည်ဟိန်း။ အားလုံးသည် မြန်မာဝတ်စုံလေးတွေနှင့်။ သူတို့ကိုလည်း ဘုရားသွားမည်ဟု ပြောထားသည် မို့လား။

"ဟား.! မွှေးနေတာဘဲ ဝါးတီး ဝါးတီး"

အော်ကျယ်အော်ကျယ်နှင့် လူမရောက်ခင် အသံအရင်ရောက်နေသော မှုံနံ့သာလှိုင်ပင်။

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Wo Geschichten leben. Entdecke jetzt