အပိုင်း[၃၇]

9.4K 508 10
                                    

Unicode🩺

"ဟာ! ကိုကြီး မင်းခန့်ထည်...ဟုတ်တယ်မို့လား"

"အေး ဟုတ်တယ် လိန်းနို။ မင်းလဲ ထွားလာလိုက်တာကွာ"

"ဟားဟား ကိုကြီးတို့ ကျောင်းခရီးပဲလား"

"မဟုတ်ဘူးကွ ဒါက အပျော်ခရီး။ ငါတို့(၂)ယောက်ပဲ"

"ဪ..ကိုကြီးတို့ ကျောင်းပြီးပြီပေါ့"

"အေးပေါ့ကွ။ အချိန်ကိုလဲ တွက်ကြည့်ဦးလေ လိန်းနိုရဲ့"

"ဟုတ်သားဘဲ အိမ်ပေါ်တက်ကြဗျာ"

ပြောရင်းဆိုရင်းနှင့်ပင် လိန်းနိုကဦးဆောင်ပြီးအိမ်ပေါ်တက်လေသည်။ ယခင်တစ်ခေါက်လာသကဲ့သို့ အိမ်မဟုတ်တော့ ယခု အသစ်ဆောက်ထားသည့်ဟန်။ ကြည့်ရတာ လိန်းနိုတို့လဲ စီးပွါးရေးအဆင်ပြေလို့ဖြစ်မည်။

အိမ်ပေါ်ရောက်တော့ ကလေးမလေးတစ်ယောက်က ကစားနေသည်။ အလွန်ဆုံးရှိမှ(၅)နှစ်လောက်ဖြစ်မည်။

"ဇလပ်..ဇလပ်ရေ ဒီလာဦး"

ဇလပ် ဟုခေါ်သော ကလေးမလေးက လိန်းနို ခေါ်တော့ ဆော့နေတာကို ရပ်ပြီး ပြေးလာလေသည်။

"ဒါက"

"ဇလပ်တဲ့။ ကိုလိန်းမန် သမီးဗျ။ သမီးအမေကတော့ မွေးမွေးပြီးချင်းဆုံးသွားတာ"

"ဪ ကိုလိန်းမန် တောင် အိမ်ထောင်ကျပြီပဲ။ မောင်..ကလေးကချစ်စရာလေးနော်။ နာမည်လေးနဲ့လိုက်တယ်"

တောင်ဇလပ်ပန်းလို နီမြန်းတဲ့ နှုတ်ခမ်းလေးရှိသော ကလေးမလေး။ မျက်လုံးဝိုင်းဝိုင်းလေး နှင့် ညာဘက် မျက်လုံးထဲမှ မှဲ့သည် အလွန်သိသာ ထင်ရှားသည်။ ကလေးချစ်သော ပိုးမခသည် ဇလပ်လေးနှင့် တစ်နေကုန်ဆော့နေတော့သည်။ ခန့်သည် ပလစ်ခံလေး ဖြစ်ရပြန်သည်။ ညနေရောက်တော့ ကိုလိန်းမန်လဲ ပြန်ရောက်လာပြီး ညစာ တူတူစားကြသည်။

"ကိုခန့်တို့က မနက်ဖြန် လေထန်ကုန်း ကိုသွားမှာဆို"

"ဟုတ်တယ်ဗျ"

"လမ်းလျှောက်ဘဲသွားမလား"

"ဟုတ်တယ် ကိုလိန်းမန် ဘာဖြစ်လို့လဲ"

"ဟိုဘက်ရွာထိတော့ လိုက်ပို့ပေးမယ်ဗျ။ ခုနောက်ပိုင်း လမ်းတွေက မြေပြိုတာတွေဖြစ်နေတာ"

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now