အပိုင်း[၂၆]

9.9K 641 11
                                    

Unicode 🩺

"မောင်ရေ  မလာသေးဘူးလား"

"လာပါပြီဗျ။ ဒီမှာ ကိုကို့အတွက် ရေနွေး"

ရေနွေးဘူးလေးကို လက်ထဲထည့်ပေးလာသောကြောင့် ပိုးမခ ကြောင်အမ်းနေသည်။

"အင် ဘာလို့လဲကွ"

"ကိုကိုဆေးရုံမှာဆို ရေနွေးသွားသွားယူနေရလို့။ မောင်တစ်ခါတည်းထည့်ပေးလိုက်တာ။ နေ့လည်စာကို မောင်ထမင်းချိုင့်ထည့်လာပေးတယ်နော်။ အပြင်စာတွေမစားရဘူး"

"ကိုယ့်ရဲ့မောင်ကတော့လေ အရမ်းချစ်ဖို့ကောင်းတာဘဲ"

မောင့်ရဲ့ နှုတ်ခမ်းလေးကို ထိ ကပ်ရုံမျှနမ်းသော်လည်း မောင်က ခါးကနေ ပြန်ဆွဲဖက်ကာ ကြာရှည်သောအနမ်းတို့ကိုဖန်တီးနေသည်။

"အင့်..မောင်.."

အချိန်အတန်ကြာမှ မောင့်ရင်ဘတ်ကိုတွန်းထုတ်ပြီး မရပ်နိုင်တော့သော ခြေထောက်တို့ကြောင့် မောင့်ကိုမှီကာ အသက်ဝအောင်ရှုရသည်။

"မောင်က...ဆိုးလိုက်တာ.."

ဆေးရုံရောက်တော့ တူတူလက်ချင်းတွဲကာ ဝင်လာသည့် သူတို့နှစ်ယောက်ကို အကုန်လုံးကပြုံးစိစိဖြင့်ကြည့်နေကြသည်။ သူတို့လဲ သိပြီးကြပြီလေ။ Facebook၌ Page တစ်ခုအသစ် ထွက်လာပြီး Khant & Poe shipper တွေလဲထွက်လာကြသည်မို့လား။ Page Name ကြီးက

' ဆေးလောကကြီး ရှကုန်ပြီ'

ဆိုပြီး  Khant & Poe ရဲ့ ချင်းပြည်နယ် ခရီးစဉ်က ပုံတွေသာမက ဘယ်ချိန်တည်းက ရိုက်ထားသည့်ပုံတွေလဲတောင် မသိတော့။ ခန့်တို့အတွဲသာမက နောင်နောင်နှင့် ဆရာ တည်ကြည်ဟိန်းတို့ အတွဲကို Ship ပေးနေကြသေးသည်။ခန့်ကတော့ သိပါတယ် Page Admin တွေက မှုံနဲ့ အဆုဆိုတာ။

"မောင် ကိုယ်သွားပြီနော် ခဏနေပြန်လာမယ်"

"ဟုတ်"

ပြောပြီးကိုကိုက သူ့၏ အလုပ်ခန်းသို့ သွားလေပြီ။ နောင်နောင်က ဘေးကနေရောက်လာပြီး

"Facebook ပေါ်မှာအောင်မြင်နေတယ်နော် ချိဖ"

"မင်းလဲဘာထူးလို့တုန်း ဟားဟား"

နှစ်ယောက်သား ပခုံးချင်းဖက်ပြီး အလုပ်သင်များအခန်းသို့ ရောက်လာကြသည်။ ခဏနေတော့ ကိုကိုက ပြန်လာပြီး အလုပ်သင်တွေကို ခေါ်ကာ လူနာများကို စစ်ဆေးကြသည်။

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now