အပိုင်း[၂၇]

9.7K 618 20
                                    

Unicode🩺

"အိမ်ရောက်ရင် မောင့်ကို ဖုန်းဆက်နော်"

"အင်းပါမောင်ရဲ့"

"မဟုတ်ပါဘူးဗျာ။ ကိုကို ဒီည ဒီမှာအိပ်လိုက်တော့။ မောင်စိတ်ပူတယ်"

"မောင်ကတော့ကွာ။ တကယ် ကိုယ်ဘာမှမဖြစ်ဘူး"

"ကားမောင်းနေတုန်း စိတ်က မလွင့်နဲ့နော် ကိုကို။ ဖေဖေ့အပြောတွေကိုလည်း ဂရုမစိုက်နဲ့ မောင်က ကိုကို့ကိုဘဲ လက်ထပ်ယူမှာ"

"အင်းပါ မောင့်ကိုယုံပါတယ်။ မောင်အိမ်ထဲဝင်တော့ ခြင်ကိုက်မယ်"

"ဟုတ်"

ပိုးမခရဲ့ ကားလေး မြင်ကွင်းက ပျောက်သည်အထိ ခန့်ကြည့်နေမိသည်။ ခဏအကြာမှ အိမ်ထဲဝင်လိုက်တော့ မေမေက ဖေဖေ့ကို ကျောပေးထိုင်ကာ လှည့်မကြည့် ဖေဖေကတော့ မေမေ့ဘက်ကို လှည့်ကြည့်လှည့်ကြည့်နှင့်။ ဒါသူတို့လင်မယား ရဲ့စိတ်ကောက်ရင် ဖြစ်နေကျ ပုံစံလေး။

"သားခန့် လာ။ မေမေတို့ ဘုရားရှိခိုးမယ်"

မေမေက ခန့်လက်ကို ဆွဲကာ အိမ်ပေါ်တက်ရန်ပြင်တော့သည်။ ဖေဖေကတော့ ခန့်ကို မျက်နှာငယ်လေးဖြင့်။ ဖေဖေဟာလေ မေမေ့ကိုသိပ်ချစ်တဲ့လူ။ ယခုလိုမျိုး မေမေကမခေါ်မပြောဘဲနေတော့ သူဘယ်နေနိုင်ပါ့မလဲ။

"ခခလေး ကိုသေချာ ဂရုစိုက်နော်"

"ဟုတ်ကဲ့ပါ မေမေရဲ့"

"ဒါနဲ့  ဘယ်ချိန်တည်းက ချစ်သူဖြစ်တာတုန်း"

"ဟို...ခရီးမှာပါမေမေ"

"ချင်းပြည်မှာပေါ့။ အင်း အင်း ခခလေးကိုစိတ်ချမ်းသာအောင်ထားနော်"

"ဟုတ် ဒါနဲ့ဖေဖေက"

"ဖေကြီးကို စိတ်ချစမ်းပါသားရယ်။ မေမေတစ်ယောက်လုံးရှိတယ်"

Ting..! မေမေနှင့်စကားပြောနေတုန်းဘေးနားတွင်ချထားသည့် ဖုန်းမှစာဝင်လာသည့်အသံ။

'မောင် ကိုယ်အိမ်ပြန်ရောက်ပြီ ရေချိုးလိုက်ဦးမယ်'

'အင်း မြန်မြန်ချိုးနော်ကိုကို'

'ဟုတ်'

ဖုန်းကြည့်ပြီး ပြုံးနေတဲ့သားဖြစ်သူကိုကြည့်ပြီး ဒေါ်အုန်းခင် သားခေါင်းလေးကိုပုတ်ကာ

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now