အပိုင်း[၁၄]

12.6K 868 25
                                    

Unicode 🩺

ဒေါက်—ဒေါက်

"ခခလေး အန်တီဝင်ခဲ့မယ်နော်"

မင်းခန့်ထည်ရေသွားချိုးချိန် အခန်းထဲ၌ ပိုးမခ တစ်ယောက်တည်း ကျန်ခဲ့တုန်း အန်တီက ဝင်လာသည်။

"ဟုတ်ကဲ့"

"ခခလေးကို မေးမလို့"

"မေးပါဗျ"

"ခန့်တို့ နယ်ဘက်ဆေးကုသွားရင် ခခလေးလဲ ပါသွားမှာလား"

"ဟုတ်။ ပါတယ်ဗျ ကျွန်တော်က ခန့်တို့အဖွဲ့ရဲ့ခေါင်းဆောင်ပါခင်ဗျ"

"ဪ ဒါနဲ့ ခရီးကကောဘယ်လဲသား"

"ချင်းတောင်တန်းဘက်ပါ အန်တီ ရာသီဥတုတော့ နည်းနည်းကြမ်းတယ်"

"အို...ချင်းပြည်ဘက်က အရမ်းလှတာ အန်တီငယ်ငယ်က တစ်ခါ ရောက်ဖူးတယ်။ ခရီးကြမ်းနဲ့ ခခလေးလိုကလေးနဲ့ဖြစ်ပါ့မလား"

"ကျွန်တော် အဆင်ပြေပါတယ် အန်တီ"

"မဖြစ်ပါဘူး ခခလေးကိုဂရုစိုက်ဖို့ ခန့်ကိုသေချာမှာရမယ်၊ ခခလေး နောက်အားရင်လည်း အိမ်လာဦးနော်၊ အန်တီက ခခလေးလို ကလေးမျိုးသိပ်လိုချင်တာ ၊ ခန့် ကသားမြင်တဲ့အတိုင်း အေးလွန်းတယ်"

"ကျွန်တော့်ကို သားအရင်းလို သဘောထားလို့ရပါတယ် အန်တီ"

"ဪ....မေမေ"

စကားပြောနေခိုက် မင်းခန့်ထည်က ဝင်လာပြီး အင်္ကျီလဲကာ ပုဆိုးဝတ်သည်။

"အဟမ်းးး မေမေနဲ့ ဘုရားသွားရှိခိုးဦးမယ်"

"သားကလည်း ခခလေးနဲ့ပါ တူတူ ဘုရားရှိခိုးမယ်လေ"

"အာ....ရ.ရတယ်"

"ညဘက် ဘုရားရှိခိုးပြီး အိပ်ရင် ပိုပြီးအိပ်ပျော်တယ် ခခလေးရဲ့"

"ဟို...အန်တီ..ကျွန်တော်..ဟိုဟာ.."

"ဘာဖြစ်လို့လဲ ခခလေးရဲ့"

"ကျွန်တော် ဘုရား..မရှိခိုးတတ်..လို့"

ခေါင်းလေးငုံ့ပြီး တိုးညင်းစွာပြောလာတဲ့ စကားသံကြောင့် ခန့်အံ့ဩရသည်။ ဘယ်နှယ့်ဗျာ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဘုရားလေးတော့ရှိခိုးတတ်သင့်တာပေါ့။

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Dove le storie prendono vita. Scoprilo ora