Mee Lhyan & Si Thu(3)

5.3K 349 0
                                    

Unicode 🩺

ကောင်လေးကို မတွေ့ရတာ (၃)ရက်တောင်ကြာပြီ။Company (၂)ခု အစည်းအဝေးရှိတော့လည်း ကောင်လေးမပါလာပေ။ အဲ့ကလေး ဘာဖြစ်လို့ပါလိမ့်။ စည်သူ တစ်ယောက်တည်း ရုံးခန်းရှေ့မှာ ဖိုင်လေးပိုက်ပြီး လေးပင်စွာ တရွေ့ရွေ့သွားနေတုန်း

"ဦးစည်သူ.!"

"ခင်ဗျာ"

ကောင်လေးရဲ့ စူးရှတဲ့ အသံကျယ်နဲ့အတူ သူ့ဆီ လက်ပြရင်း လျှောက်လှမ်းလာတဲ့ ကောင်လေး။

"မမမိုး ရှိလား ဦးစည်သူ"

"မရှိဘူး ခရီးသွားနေတယ်"

"အာ..အဲ့လိုလား"

"အလုပ်ကိစ္စလား ကောင်လေး"

"ဘာမှမဟုတ်တော့ဘူးဗျာ ပြန်တော့မယ်"

ကောင်လေးက ချက်ချင်းပင် သူ့တောင် ပြန်လှည့်မကြည့်တော့ပဲ ပြန်လှည့်သွားလေသည်။

"Shit! ငါဘာတွေ သွားမျှော်လင့်နေမိတာလဲ! အလုပ်ကို အာရုံစိုက်စမ်း စည်သူရ!"

မီးလျှံသစ် ပြန်လာပြီး မမမိုးကို Video Call ခေါ်လိုက်သည်။

"ကျွန်တော် သေချာ စဉ်းစားပြီးပြီအစ်မ။ အမှန်တော့ ကျွန်တော်က ပိုးကို တစ်ခါမှ မကြုံဖူးတဲ့ လူတစ်ယောက်အနေနဲ့ သဘောကျမိသွားတာ။ အစ်မသိတဲ့အတိုင်း ကျွန်တော့်ကို ပိုးလိုမျိုး ဆက်ဆံဖူးတာ တစ်ယောက်မှ မှ မရှိတာ"

"အင်း"

"ပြီးတော့ ဦးစည်သူနဲ့ကျ မတူဘူး။ ဦးစည်သူ အနားမှာ ရှိရင်ပျော်တယ်။ မရှိရင် ကျွန်တော် အနားရောက်အောင် သွားဖို့ ကြိုးစားချင်လာတယ်။ ပိုးနဲ့တုန်းက ကျွန်တော် အဲ့လို မခံစားရဘူး။ ပိုး အနားကို ရောက်အောင်သွားဖို့တောင် ကျွန်တော်က မကြိုးစားခဲ့ဖူးဘူး"

"မင်း ခံစားချက်တွေ သေချာရဲ့လား။ မင်းတို့ နှစ်ယောက်မှာ အသက်အရွယ်က မင်းက ကလေးသာသာ (၁၈)ဆိုတော့ မင်းစိတ်ကစားတာ ဖြစ်နေမှာစိုးတယ်"

"စိတ်ကစားတာ မဟုတ်မှန်း အချိန်တွေက သက်သေပြသွားမှာပါ အစ်မ"

"အင်း အစ်မကတော့ အစ်မမောင်လေးတွေ ပျော်နေတာပဲဖြစ်စေချင်တယ်"

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now