Mee Lhyan & Si Thu(1)

9.7K 375 8
                                    

Unicode🩺

စည်သူနဲ့ မီးလျှံ တို့အတွက် Extra လေးတောင်းဆိုထားလို့ ရေးပေးတာပါ။ Main couple ကိုပဲ ဦးစားပေးခဲ့မိလို့ side couple လေးတွေအတွက် ယိမ်းရဲ့လိုအပ်ချက်လေးတွေပေါ့။ မီးလျှံတို့ရဲ့Extra ကို Part-29 ရဲ့ အဆက်လေးအနေနဲ့ ယိမ်းဆက်ရေးပေးထားပါတယ်။ Part-29 မှာ မီးလျှံလေး Bar မှာရန်ဖြစ်ပြီး စည်သူက အိမ်ခေါ်သွားတဲ့အခန်းပေါ့။
••••••••••••••••••

မီးလျှံ မနက်ခင်းနိုးလာတော့ တစ်ခါမှမရောက်ဖူးသည့် အခန်းဖြစ်နေသည်။ ညက ဒဏ်ကြောင့် ခေါင်းကိုက်နေသေးသည်။ ခဏခေါင်းကို အနားပေးပြီး သေချာ ပြန်စဉ်းစားမှ

"ဪ..ကိုစည်သူ.."

"ဗျာ.! နိုးနေပြီလား"

မီးလျှံက ညက ကိစ္စ သတိရသွား၍ ကိုစည်သူ နာမည် ငြီးတွားမိချိန် ကိုစည်သူ ကအခန်းထဲ ဝင်လာတာနှင့် အံကိုက်ဖြစ်ကာ 'ဗျ'ဟု ထူးလာသည်။

"Sorry ဗျာ။ ညက ကျွန်တော် နည်းနည်းလွတ်သွားတယ်"

"ရပါတယ်။ ကျွန်တော် မနက်စာ ပြင်ပေးထားတယ်"

"ဟုတ်ကဲ့ ကျေးဇူးပါဗျ.."

စည်သူ အပြင်ထွက်ခါနီးမှ သတိရသွားဟန်ဖြင့်

"ရေချိုးခန်းရဲ့ အပေါ်ဘက် ဗီဒိုမှာ သွားပွတ်တံအသစ်နဲ့ တဘက် အသစ်တွေရှိတယ် ကောင်လေး။ အဆင်ပြေသလိုယူသုံးလို့ရတယ်"

"ဟုတ်ကဲ့"

မီးလျှံသစ် လူပါ လန်းသွားအောင် ရေချိုးလိုက်ပြီး တဘက် တစ်ထည် ခါးမှာ ပတ်ကာ ထွက်လာသည်။ အဝတ်လဲရန် ရှာတော့ တစ်ခုမှ မတွေ့။ ထမင်းစားခန်းမှာရှိနေသည့် ကိုစည်သူ ဆီသွားတော့ သီချင်းလေး တစ်အေးအေးနှင့် ချက်ပြုတ်နေသည်။

"အမလေး! ကုလားကြီး!"

"ဟာဗျာ လန့်တာကြီးကလဲ။ ကျွန်တော့်လို ချောချောလေးကို အမလေး နတ်သားကြီး လို့ လန့်စမ်းပါ"

"ကောင်လေးရာ.! ကျွန်တော် တကယ် လန့်သွားတာ"

"ဟားဟား..ဆောရီးဗျာ။ ကျွန်တော်က ကိုစည်သူ မလန့်တတ်ဘူးထင်လို့ အသံမပေးပဲ လာလိုက်တာ။ အဝတ်အစားလေး နည်းနည်း ငှါးပေးလို့ရမလား"

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now