အပိုင်း[၃]

18.3K 1.1K 33
                                    

Unicode🩺

"ခန့် နင်ဘယ်ဆေးရုံမှာအလုပ်သင်ဆင်းရမှာလဲ"

"ရန်ကုန်ဆေးရုံကြီး။နင်ကကော"

"ဗဟိုအမျိုးသမီးဆေးရုံတဲ့။ ငါ့အိမ်က ကားမအားရင် နင်လာကြိုပေးဦးနော်"

"အေးပါ"

" ဟျောင့်တွေ မင်းတို့ဘယ်ဆေးရုံကျလဲ ငါတော့ ရန်ကုန်ဆေးရုံကြီးကျတယ်"(နောင်)

"နင်ကျမတရားလိုက်တာ ခန့်နဲ့တူတူဘဲ"(မှုံ)

"ဟုတ်လား! ခန့်ခန့် ငါတို့team leader ကဆရာပိုးမခတဲ့"(နောင်)

"ဘာ!အဲ့လူလား"

"ဟုတ်တယ် ငါကိုဟိန်းဆီကသိလာတာ" (နောင်)

"ပြောရင်းနဲ့ ဟိုမှာနင့်ကိုဆရာလာကြိုပြီ" (မှုံ)

"အေး ပြန်တော့မယ်" (နောင်)

"သောက်ခွက်ကဖြီးနေတာဘဲ" (ခန့်)

"ချစ်တာကိုး ခန်ခန့်ရဲ့"

ခုန်ပေါက်ပြီး ကျောင်းဝန်းထဲ ရပ်ထားသော ဆရာတည်ကြည်ဟိန်းရဲ့ ကားပေါ်သို့တက်သွား၏။ အမှန်ဆို ခန့်တို့ သူငယ်ချင်း(၃)ယောက်မှာ မှုံက Fujoushi ၊ ရန်လင်းနောင်က သူ့ရဲ့မွေးစားအစ်ကို ဆရာတည်ကြည်ဟိန်းကို ကြိုက်နေတဲ့လူ။ဒါပေမဲ့ ဆရာတည်ကြည်ဟိန်းကတော့မသိဘူးပေါ့။ ရန်လင်းနောင်က သူgay ဆိုတာ ခန့်တို့နှစ်ယောက်ကို ဝန်ခံထားပြီးသား။ မှုံကလဲ လက်ခံပေးတော့ သူတို့ကြားက straight ကြီးခန့် ကနေရခက်သား။ အင်း ခန့်ကတော့လက်ခံတယ်လဲမဟုတ် ၊ကန့်ကွက်တယ်လဲမဟုတ်၊ လက်မခံလို့ LGBT ကိုရှုတ်ချမဲ့ထဲ ခန့်မပါဘူး၊ သူ့ဖြစ်တည်မှုနဲ့သူပဲလေ ခန့်နဲ့မှ မဆိုင်တာ၊ အပြစ်ပြောဖို့လဲ စိတ်မဝင်စားသလို၊ အခွင့်ထူးခံလူတန်းစားတစ်ရပ်လို့လဲ မမြင်ဘဲ သာမန်လူလိုဘဲ ခန့်ဘက်ကလက်ခံထားသည်။

အလုပ်သင်စဆင်းရသည့် ပထမဆုံးရက် ရန်ကုန်ဆေးရုံကြီးတွင်ဖြစ်သည်။

"လူစုံပြီလား"

အခန်းထဲသို့ အနက်ရောင်Polo ရှပ်အင်္ကျီကို အနက်ရောင် စတိုင်ဘောင်းဘီရှည်နဲ့တွဲဝတ်ထားပြီး အပေါ်မှ ဆရာဝန် duty coat လေးထပ်ဝတ်ထားသော ပိုးမခ။

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now