Chapter(21) - နောက်တစ်ဖန်ပြန်နိုးလာခြင်း

8.8K 1.5K 75
                                    

Unicode

အခန်း(၂၁) - နောက်တစ်ဖန်ပြန်နိုးလာခြင်း

"အမဲသားအပူနဲ့ဝိုင်တစ်အိုး,လာပြီ!"

"အသားပေါက်စီတစ်ပွဲ!ကိတ်ချိုတစ်ပန်းကန်!နောက်ထပ်,အမဲသားခေါက်ဆွဲစွပ်ပြုတ်တစ်ပွဲပါမယ်!!"

"ဒီကညီလေးရေ,ကျေးဇူးပြုလို့မက်မွန်ပန်းစွပ်ပြုတ်တစ်ပန်းကန်လောက်ပေးလို့ရမလား....?"

အသံအမျိုးမျိုးကရောထွေးယှက်နွယ်နေသည်။အခုကအေးစက်လှတဲ့ဆောင်းရာသီမနက်ခင်းဖြစ်ပြီးတိုက်ခတ်နေသည့်လေများကပါအေးစက်ပြီးစိမ့်နေသည်။လူတွေစကားပြောတဲ့အချိန်ဆိုသူတို့ရဲ့နွေးထွေးတဲ့အသက်ရှုထုတ်လိုက်သောလေများအားအဖြူရောင်အခိုးအငွေ့များအဖြစ်ပင်ပြောင်းလဲသွားကာတစ်ဖက်လူရဲ့မျက်နှာကိုတောင်ရိုက်ခတ်စေသည်။

ငါးနှစ်ခြောက်နှစ်လောက်ရှိမယ့်ကောင်လေးတစ်ယောက်ကလမ်းရဲ့ထောင့်တစ်နေရာမှာကွေးကွေးလေးနေနေသည်။သူကအလွန်ပါးလွှာပြီးစုတ်ပြဲနေသည့်အင်္ကျီနှင့်နှင်းပေါ်ကိုခြေချလိုက်ရင်ခြေထောက်ကိုလုံးဝမနွေးထွေးစေနိုင်သောညစ်ပေစုတ်နေသည့်ဖိနပ်တစ်ရန်အားဝတ်ဆင်ထားလေ၏။

ဘောင်းဘီကလည်းသူ့ခန္တာကိုယ်အတွက်အရမ်းသေးငယ်နေပြီးသူ့အောက်ပိုင်းခြေထောက်တစ်ဝက်လောက်ထိပေါ်နေကာအအေးဒဏ်ကြောင့်နီရဲအေးခဲနေစေသည်။ကောင်ငယ်လေးကတော့ဂရုစိုက်ပုံမပေါ်ပေ။သူကမျက်လုံးလေးကိုသာဖွင့်ကာပတ်ဝန်းကျင်ကိုခိုးခိုးကြည့်နေသည်။

သူ့မျက်နှာတစ်ခုလုံးကလည်းညစ်ပေနေပြီးသူ့ရဲ့ထိုးဖောက်ကြည့်နေသည့်မျက်လုံးဝိုင်းတစ်စုံကသာကြည်လင်ပြီးတောက်ပနေသည်။

လူလတ်ပိုင်းလူကြီးတစ်ယောက်ကပေါက်စီအကြီးသုံးလုံးနဲ့ခေါက်ဆွဲတစ်ပန်းကန်ကိုမှာယူစားနေသည်။ခဏလောက်အကြာသူစားလို့မနိုင်တော့တာကြောင့်ပေါင်မုန့်တစ်ဝက်လောက်နဲ့စွပ်ပြုတ်တစ်ငုံစာအားချန်ထားရစ်ခဲ့သည်။

ကောင်ငယ်လေးကထိုအရာအားရတနာကိုရှာတွေ့သွားသလိုမျိုးစိုက်ကြည့်နေသည်။လူလတ်ပိုင်းကြီးထွက်သွားသည်နှင့်ထောင့်လေးကနေလျင်မြန်စွာပြေးထွက်လာ၏။လက်တစ်ဖက်ကပေါင်မုန့်အားကျွမ်းကျင်စွာဆုပ်ကိုင်လိုက်ပြီးတစ်ခြားလက်တစ်ဖက်ကပန်းကန်လုံးကိုကိုင်ကာသူ့နှုတ်ခမ်းနားဆီတေ့ယူလိုက်သည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now