Chapter(50-1) - ဘီလူး

4.6K 882 7
                                    

Unicode

အခန်း(၅၀ -၁) - ဘီလူး

ယနေ့ညမှာ မုံစံအိမ်တော်က အထူးတလှယ်ကို တိတ်ဆိတ်ငြိမ်သက်နေသည်။

မုံမိသားစုက ချမ်းသာကြွယ်ဝသော်လည်း မုံစုံတွဲက လူများများ တောင်းဆိုထားခြင်း မရှိတာကြောင့် အိမ်တော်ထဲမှာ အစေခံမြောက်မြားစွာ ရှိမနေပေ။ အိမ်မှာ အစေခံများစွာ မရှိပေမယ့်လည်း မုံသခင်မကတော့ အလွန်ငဲ့ညှာပေးတတ်ပြီး ထိပ်တန်း အိမ်တော်ထိန်းကနေ အောက်ဆုံးက အလုပ်ကြမ်းသမားများအထိ လူတိုင်းကို အိမ်ပြန်ပြီး အနားယူဖို့ ခွင့်နှစ်ရက်ပေးလိုက်သည်။

လူများစွာက ကျေးဇူးတင်လှစွာနဲ့ အိမ်ပြန်သွားကြပြီး ဘယ်မှသွားစရာ မရှိသည့် လူအနည်းစုသာ ကျန်ရစ်ခဲ့၏။ မုံသခင်မနဲ့ မုံယွင်တို့က ထိုလူများကိုလည်း အပြင်ထွက်ပြီး ပျော်ပါးခွင့်ပေးထားသည်။

ရလဒ်ကတော့ အိမ်တော်ထဲမှာ ကျန်ရစ်ခဲ့သည်က သူတို့နှစ်ဦးတည်းသာ။

အကြောင်းပြချက်တစ်ချို့ကြောင့် မုံသခင်မက မုံယွင်အားချော့မော့၍ စံအိမ်ရဲ့ ဥယျာဉ်ထဲမှာ အတူတူသောက်ကြရန် လုပ်ထားလေသည်။

မုံယွင်က အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။

"မင်းရဲ့ နာမကျန်းမှုက ကောင်းတာမကြာသေးဘူးလေ,ဒီညက လေလည်း နည်းနည်းအေးတယ် အဲ့ဒါကြောင့် အိမ်ထဲကိုပဲ ပြန်ဝင်ကြရအောင်"

မုံသခင်မက ယနေ့ညမှာ သေချာဆွဲထားသည့် မျက်ခုံး၊ မျက်နှာချေမှုန့်များနှင့် ပါးနီများ လိမ်းကြံထားသည်။ သူမက ကျောက်စိမ်းနားဆွဲတစ်စုံကိုလည်း ဝတ်ဆင်ထားပြီး သူမရဲ့ ဖြူဖျော့ဖျော့ လက်ကောက်ဝတ်ပေါ်မှာတော့ လှပသည့် ကျောက်စိမ်းလက်ကောက် တစ်ကွင်း ရှိနေသည်။ သူမတစ်ကိုယ်လုံးက တောက်ပပြီး စွဲမက်ဖွယ်ကောင်းနေ၏။ မုံယွင်ရဲ့ စကားကို ကြားသောအခါ သူမက အနည်ငယ် ပြုံးလိုက်ပြီး စကားမဆိုပဲ ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်သည်။

မုံယွင်က သူမကို ငေးကြည့်နေရင်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သူမနဲ့ ပထမဆုံး တွေ့ဆုံခဲ့သည့် ခဏတာလေးကို ပြန်ရောက်သွားသည့်ပုံပင်။ သူက အနည်းငယ် သတိရသွားမိပြီး သတိလက်လွတ်ဖြင့် သူရဲ့ နှုတ်ခမ်းပေါ်မှာ စိတ်ရင်းမှန်လှသည့် အပြုံးတစ်ခုဖြစ်ပေါ်လာရသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)حيث تعيش القصص. اكتشف الآن