Unicode
အခန်း(၅၀-၂) - ဘီလူး
ပုံမှန်မဟုတ်တာကို မည်သူမျှ သတိမထားမိခဲ့ဘဲ မုံယွင်သည်ပင် သူမအား အပျော်လှေပေါ်မှ မိန်းကလေး အသစ်တစ်ယောက် ဟုသာ အမြဲတွေးခဲ့သည်။ သူက အလှတရားတွေနဲ့ ကျင့်သားရနေခဲ့တာကြောင့် ထိုမက္ခရုငှက်လေးနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ သူက လွတ်လပ်လွယ်ကူစွာ ပြောဆိုခဲ့သည်။ အရက်သောက်ပြီး မူးနေရင် ဘာမဆိုပြောထွက်လာသည်ပင်။
သူနေ့စဉ် တွေ့ခဲ့သမျှ မိန်းကလေးတိုင်းက ရေရှည်အတွေ့အကြုံ ရှိကြသည့် အလုပ်သမားများ ဖြစ်ကြသည်။ ဘယ်သူက စိတ်ရင်းနဲ့ စကားပြောတာလဲ ဘယ်သူက မူးနေတဲ့အချိန်မှာ ချိုသာစွာ ပြောတတ်တာလဲဆိုတာ သူတို့သိထားကြသည်။ သူ့သော်လည်း မက္ခရုငှက်လေးကတော့ မတူပေ။သူမက ထိုသူမူးနေတဲ့အချိန်ပြောသမျှကို လေးလေးနက်နက် မှတ်ယူထားတာဖြစ်သည်။
ခံစားချက်ဆိုတဲ့ အရာက ရုတ်တရက် ရောက်လာပြီး ထိန်းမနိုင်သိမ်းမရဖြစ်လာ၏။ တစ်နေ့မှာ မုံယွင်က သူမကို သူလက်ထပ်တော့မည် ဖြစ်ကြောင်း အပြုံးနဲ့ ပြောလာသည်အား ကြားလိုက်ရလေသည်။ ထိုအချိန်မှသာ သူမရဲ့ နှလုံးသားက ပြောင်းလဲနေပြီဖြစ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။
မက္ခရုငှက်လေးအနေနဲ့ ပြင်ပကမ္ဘာအား ပိုမိုထိတွေ့လာလေလေ အကြောင်းများကို ပိုမိုသိလာလေလေပင်။ အထူးသဖြင့် အပျော်လှေလိုနေရာမျိုးမှာ ဆိုရင်ပေါ့။ သူမ နားမလည်ဘူးဆိုရင် မေးလိမ့်မှာပင်။ ထို့ကြောင့် သူမက ဂရုတစိုက် မေးလိုက်သည်။
"လက်မထပ်လို့ မရဘူးလား?"
သူမအတွက် သူလက်မထပ်လို့ မရဘူးလား?
မုံယွင်က သူမရဲ့ ပထမမေးခွန်းကို အမြန်အဆန် ပြန်ဖြေလာတာကြောင့် နောက်မေးခွန်းကို ဆက်မေးလို့ မရဘူးဖြစ်သွားသည်။
"ရက်က သတ်မှတ်ပြီးနေပြီ ပြီးတော့ မကြာခင် အရမ်းအလုပ်များတော့မှာဆိုတော့ ကိုယ်ဒီကို နေ့တိုင်းမလာနိုင်တော့ဘူး, ချင်းချင်း မင်းက ကိုယ့်အပေါ် အရမ်းကောင်းခဲ့တယ်, အကယ်၍ ငွေလိုရင် မုံအိမ်တော်ကို တစ်ယောက်ယောက် ပို့လိုက်ပြီး ကိုယ့်ကိုရှာလို့ရတယ်"
YOU ARE READING
(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)
Mystery / ThrillerTitle - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation period - Jan 5,2021 ~ Oct 14,2022 ရှန်ကျစ်ရှန်းသည်သူ့တပည့်ရဲ့အမြူတေကိုမုန်းတီးမှုကြောင့်ဖြတ်ထုတ်ပစ်ခဲ့သည့်အရံဇာတ်ကောင်ဆရာရဲ့ကိုယ်ထဲကူးပြောင်း...