Unicode
အခန်း(၄၁-၂) - ပြန်လာခြင်း
Little Ten လေးက ထိုနေရာကို စိုက်ကြည့်နေဆဲပင်။ သူက နယ်မြေအဆီးအတားအား အကြိမ်ပေါင်းများစွာ ဖြတ်ကျော်ဖို့ ကြိုးစားပေမယ့်လည်း အကြိမ်တိုင်းမှာ မြေပြင်ပေါ်သို့သာ ရက်ရက်စက်စက် ပြန်တွန်းချခံနေရသည်။
သူ့ဝိညာဉ်က ပြင်းထန်စွာ နာကျင်နေပုံရသည်။ သူ့မျက်လုံးများကလည်း မျက်ရည်ကျရလွန်းလို့ နီရဲနေလေပြီ။ ရှန်ကျစ်ရှန်းတို့ ထွက်လာတာကိုမြင်တော့ အနားပြေးလာပြီး မေးရှာ၏။
"ယွီယွီရော, ယွီယွီရော?"
ရှန်ကျစ်ရှန်းက ကောင်လေးရဲ့ခေါင်းကို ပွတ်ပေးလိုက်ပြီး နူးနူးညံ့ညံ့ပြောလိုက်သည်။
"ယွီယွီက ပင်လယ်ထဲပြန်သွားပြီ, မင်းအိပ်သင့်နေပြီလေ, နိုးလာတဲ့အခါကျရင် ယွီယွီကို တွေ့ရလိမ့်မယ်"
Little Tenက သူ့လက်ချောင်းလေးများအား ယှက်လိမ်ပြီး နားလည်နေသည်။
"တကယ်လား, တကယ်လား ပြီးတော့ အမှန်ပြောတာလား?"
"အင်း, Little Tenလေးကလည်း လိမ်မာမှဖြစ်မယ်"
ရန်ကျင်းပေးထားတဲ့ ဝိညာဉ်စွမ်းအားများက အသုံးပြုလို့ မကုန်သေးပေ။ ရှန်ကျစ်ရှန်းက နောက်ဆုံးကျန်တဲ့ စွမ်းအင်ကို အသုံးချပြီး ဝိညာဉ်အဆောင်ရေးဆွဲလိုက်ကာ အခိုးအငွေ့အဖြစ် ပြောင်းလဲစေ၍ Little Ten ဆီသို့ ပေါင်းစပ်စေလိုက်သည်။ သူ့ဝိညာဉ်က တစ်ဖြည်းဖြည်းဖြင့် ခိုင်မာလာခဲ့ပြီး သူ့အမူအယာကလည်း ပိုပို၍ ဗလာဖြစ်လာ၏။
ရှန်ကျစ်ရှန်းက အနည်းငယ် အနေခက်မိသည်။ သူနဲ့ရန်ကျင်းတို့ နှစ်ယောက်လုံးက ဓားကျင်ကြံသူများဖြစ်သည်။ သူတို့မှာ ဝိညာဉ်ကို ပြန်လည်မွေးဖွားနိုင်စေဖို့ ပို့ဆောင်ပေးရန်အတွက် အသံကိုအသုံးပြုရသော သွမ့်ယွမ်၏ စွမ်းရည်များ ရှိမနေပေ။
ဝိညာဉ်ကို ပြန်လည်မွေးဖွားစေတဲ့ သီချင်းကိုတော့ မှတ်မိနေသေးတယ်...... သူကြိုးစားပြီး ဆိုကြည့်ရမလား?
ထိုအတွေး ပေါ်လာတာနဲ့ တပြိုင်နက် အေးမြပြီး အစောတလျှင်မဖြစ်တဲ့ သီချင်းတစ်ပုဒ်ကို ကြားလိုက်ရကာ သီချင်းသံက၊ ငြိမ်သက်အေးချမ်းပြီး စိတ်သက်သာရာရစေသည့် စွမ်းရည်အပြည့်အဝရှိနေသည်။
YOU ARE READING
(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)
Mystery / ThrillerTitle - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation period - Jan 5,2021 ~ Oct 14,2022 ရှန်ကျစ်ရှန်းသည်သူ့တပည့်ရဲ့အမြူတေကိုမုန်းတီးမှုကြောင့်ဖြတ်ထုတ်ပစ်ခဲ့သည့်အရံဇာတ်ကောင်ဆရာရဲ့ကိုယ်ထဲကူးပြောင်း...