Chapter(39 - 1) - ပုံရိပ်ယောင်

5.5K 1.1K 8
                                    

Unicode

အခန်း(၃၉-၁) - ပုံရိပ်ယောင်

ရေကန်ငယ်သည် ရုတ်တရက် နက်ရှိုင်းသော သမုဒ္ဒရာ ဖြစ်လာသည်။

ရန်ကျင်းရဲ့ အတားအဆီးက ပင်လယ်ရေကို ထိန်းထားနိုင်တာကြောင့် ၎င်းတို့ကို အလွယ်တကူ လှည့်ပတ်ကြည့်နိုင်နေသည်။ အနီးတစ်ဝိုက်တွင် ငါး အကြီးတွေ အသေးတွေ၊ လှပတဲ့ သန္တာကျောက်တန်းတွေ ရှိနေသည်။ ရှန်ကျစ်ရှန်းကတော့ သူ့ကိုယ်သူ ငါးပြတိုက်ထဲ ရောက်သွားတယ်လို့ပင် အမှတ်မထင် တွေးလိုက်မိသေးသည်။

ပင်လယ်ကြမ်းပြင်တွင် ကွေ့ပတ်သွားသော လမ်းတစ်ခုရှိနေသည်။ သတိကြီးကြီးနဲ့ ရှေ့ကိုလျှောက်ကြပြီး နာရီဝက်လောက် အကြာတွင် လမ်းက သဲပြင်ပါးပါး ပေါ်လာ၍ ပျောက်ကွယ်သွား၏။

ဒါက.....ကမ်းခြေလား?

နူးညံ့ပြီး ကောင်းမွန်လှတဲ့ သဲသောင်ပြင်ကို ခြေချမိသောအခါ ရှန်ကျစ်ရှန်းမှာ မနေနိုင်စွာဖြင့်ပင် ပင်လယ်ဘက်ကို ပြန်လှည့်ကြည့်မိသည်။ပြာဖျော့ဖျော့ပင်လယ်ကြီးသည် နေရောင်အောက်တွင် တိတ်ဆိတ်ငြိမ်သက်နေ၏။ ပင်လယ်အောက်ခြေမှာ ဒီလိုလမ်းရှိတယ်ဆိုတာ ဘယ်သူမှ မြင်နိုင်မှာမဟုတ်ဘူး။

"ငါမင်းကိုရှာတွေ့ပြီ!"

အနည်းငယ် ကလေးဆန်လှတဲ့ အသံလေးတစ်ခုက တစ်နေရာရာကနေ ထွက်ပေါ်လာသည်။ ရှန်ကျစ်ရှန်းက ချက်ချင်းပင် အာရုံစုစည်းလိုက်သည်။ နာက်တစ်ခဏမှာပဲ မဆိုင်းမတွပင် သူ့မျက်လုံးများပြုးကျယ်သွားပြီး ရန်ကျင်းနောက်ကို ဝင်လိုက်မိ၏။

— ဒီမြင်ကွင်း, ကြည့်ရတာ အရင်က တွေ့ကြုံဘူးသလိုပဲ

ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်က ခြေထောက်များ ခုန်ဆွဆွဖြင့် ရှေ့ကို အမြန်အဆန် ပြေးလာနေသည်။ သို့သော် သူက ရန်ကျင်းရဲ့အဝတ်အစားများကို ဆွဲမိခါနီးမှာ ရန်ကျင်းရဲ့ အေးစက်လှသော မျက်လုံးများကို သတိပြုမိတာကြောင့် အေးခဲသွားရသည်။

"တွေ့ပြီ, တွေ့ပြီ...." ကောင်လေးရဲ့အသံက တိုးသထက်တိုးလာသည်။ သူက ခေါင်းလေးကို စောင်း၍ ရန်ကျင်းအား ဂရုတစိုက် ကြည့်၏။ သူပိုပြီး ကြည့်လေလေ, ပိုပြီး စိတ်ရှုပ်ထွေးလာလေလေပင်။ သူ့မျက်လုံးထဲမှာ စိတ်ပျက်မှု ဖျော့ဖျော့လေး ပေါ်လာသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now