Chapter(29-2) - စာအုပ္

6.3K 1.3K 58
                                    

Unicode

အခန်း(၂၉-၂) - စာအုပ်

ဒီမေးခွန်းနဲ့ ပတ်သတ်ရင်တော့ , သူတို့ဒီကိုရောက်ခါစမှာ ရှန်ကျစ်ရှန်းက အရမ်းဆာလောင်နေတာကြောင့် စားသောက်လို့ရမယ့် နေရာကိုသည အရင်ဆုံးရှာချင်ခဲ့သည်လေ။ ရလဒ်ကတော့ သူတို့အခုထိ တည်းခိုလို့ရမယ့်နေရာ ရှာမတွေ့သေးဘူး။

အမှန်အတိုင်းပြောရရင်တော့ အခန်းလွတ်ရှိမယ့် တည်းခိုခန်း ကျန်ပါ့မလားတောင် သူမသိဘူးရယ်။

သူ့အမူအယာကို သတိပြုမိတာကြောင့် သွမ့်ယွမ်က အမှန်တရားကို ချက်ချင်းမှန်းဆမိလိုက်သည်။ သူမကပြုံးပြီး ပြောလိုက်၏။

"ဒီမြို့က နည်းနည်းသေးတယ်, ကျွန်မတစ်နေကုန် လှည့်ပတ် သွားနေတာတောင် တည်းခိုခန်းတစ်ခုပဲ ရှာတွေ့တယ်, အခုချိန်မှာ အခန်းလွတ် ကျန်လောက်ပါသေးတယ်, အကိုကြီးဆွေ့, သွားပြီးကြည့်ကြည့်လို့ရတယ်"

ရှန်ကျစ်ရှန်းသည် ရွေးချယ်စရာ မရှိတော့ပဲ သွမ့်ယွမ်နေနေတဲ့ တည်းခိုခန်း အသေးလေးမှ နောက်ဆုံးကျန်တဲ့ အခန်းကိုသာ ငှားယမ်းလိုက်ရသည်။

အဲ့ဒီတော့ သူရန်ကျင်းနဲ့ နောက်တစ်ဖန် အခန်းမျှသုံးဖို့ အကြောင်း ဖန်သွားရပြန်သည်။

ရှန်ကျစ်ရှန်းသည် ကူကယ်ရာမဲ့စွာဖြင့်ပဲ သက်ပြင်းချမိသည်။ တည်းခိုခန်းက အရမ်းသေးလွန်းတော့ အခန်းက ခုနှစ်ခန်း ရှစ်ခန်းလောက်ပဲရှိတယ်လေ။ အစောပိုင်းတုန်းက ဖြတ်သွားဖြတ်လာ လူအနည်းငယ်က အခန်းအများစုကို ငှားထားပြီးနေပြီ။ ရလဒ်ကတော့ တည်းခိုခန်းက ပြည့်လုနီးပါးဖြစ်နေသည်။

သူတို့အခန်းက သွမ့်ယွမ်ရဲ့ အခန်းနဲ့ မျက်စောင်းထိုးတည့်တည့်မှာ...

သုံးယောက်သားက တံခါးဝမှာပဲ လမ်းခွဲလိုက်ကြပြီး ကိုယ်စီကိုယ်စီအခန်းများထဲ ဝင်သွားကြသည်။

တံခါးကို ပိတ်လိုက်ပြီးနောက်မှာ ရန်ကျင်းက စားပွဲပေါ်တွင်ထိုင်လိုက်ပြီး ရှန်ကျစ်ရှန်းကတော့ ပြည့်အင့်နေတာကြောင့် အခန်းထဲမှာ လမ်းပတ်လျှောက်နေ၏။ ဒီအဆင့်နိမ့် အခန်းတွေက အသံလုံမှု မရှိတာကြောင့် ရှန်ကျစ်ရှန်းက သူ့အသံကိုတမင်သက်သက် တိုးချလိုက်ပြီး ရန်ကျင်းအား လှမ်းပြောလိုက်သည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now