Chapter(70-1) - Seventy

3.7K 633 19
                                    

Unicode

အခန်း(၇၀ - ၁) - Seventy

ရှန်ကျစ်ရှန်းက ပေါ့ပေါ့ပါးပါး ချောင်းတစ်ချက် ဟန့်လိုက်သော်လည်း ထိတ်လန့်ခြင်း အလျင်း မရှိချေ။ သူက ရန်ကျင်းရဲ့ ပေါင်ပေါ်မှ တည်ငြိမ်စွာ ဆင်းလိုက်ပြီး စတုတ္ထအကြီးအကဲအား ပုံမှန်အတိုင်း မတ်တပ်ရပ် နှုတ်ဆက်လိုက်သည်။

"မင်္ဂလာ ညနေခင်းပါ ဂိုဏ်းတူဦးလေး"

စတုတ္ထအကြီးအကဲက သူ့အား တိတ်တဆိတ် ကြည့်ပြီးနောက် ရန်ကျင်းကို ပြန်ကြည့်သည်။

ရှန်ကျစ်ရှန်းက မေးလိုက်၏။

"ဂိုဏ်းတူဦးလေး, ကျွန်တော်တို့ကို မမှတ်မိဘူးလား?"

စတုတ္ထအကြီးအကဲ၏ အမူအယာက အနည်းငယ် ဝမ်းနည်းကြေကွဲနေပုံပင်။

"မင်း.....သူ.....ဘာတွေလုပ်နေကြတာလဲ.....?"

ဒီည သူဘာကြောင့် ဒီကိုရောက်လာခဲ့တာလဲ ဆိုတဲ့ အကြောင်းကို မေ့သွားပြီ။ အခုချိန်မှာ ရှန်ကျစ်ရှန်းနဲ့ ရန်ကျင်းတို့ အချင်းချင်း  တရင်းတနှီး ပွေ့ဖက်ထားတဲ့ ပုံရိပ်ကသာ သူ့စိတ်ထဲမှာ စွဲနေခဲ့တာ။ သူ့တူလေးနဲ့ တူလေးရဲ့ တပည့်က အတွေ့အကြုံယူဖို့ အပြင်ထွက်သွားပြီး နောက်ပိုင်း ကမ္ဘာကြီးမှာ ဘာတွေဖြစ်ကုန်တာလဲ?!

ရှန်ကျစ်ရှန်းက ခေါင်းလေးစောင်းကာ ခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက် သူက ရိုသေစွာပြောလေသည်။

"ဖြစ်နိုင်တာက.... သာမန် တာအို မိတ်ဖက်ကြားက သာမာန်အမူအယာလို့ ဆိုရင်ရော?"

စတုတ္ထအကြီးအကဲ, "...."

စတုတ္ထအကြီးအကဲ, "???"

ရှန်ကျစ်ရှန်းသည် စတုတ္ထအကြီးအကဲအား ထိုကိစ္စများ စဉ်းစားချိန်ပေးထားရင်းဖြင့် လက်ဖက်ရည်ပွဲ ပြင်သည့် အသုံးအဆောင်များအား ထုတ်ပြီး ကျောက်စိမ်းစားပွဲခုံငယ်လေးတစ်ခုပေါ် တင်ကာ လက်ဖက်ရည်ဖျော်နေလိုက်သည်။

ရှန်ကျစ်ရှန်းသုံးသည့် မည့်သည့်အရာမှ အရည်အသွေးနိမ့်ပါးခြင်းမရှိပေ။ ပထမတန်းစား ဝိညာဉ် လက်ဖက်ရည်က ရေနွေးဆူဆူထဲသို့ စိမ့်ဝင်သွားသည့် အချိန်မှာ လက်ဖက်ရည်၏ ရနံ့သင်းသင်းလေးက နောက်ဆုံးတော့ စတုတ္ထအကြီးအကဲအား နိုးကြားသွားစေသည်။ သူက သက်ပြင်းတစ်ချက်ချကာ သူ့မျက်နှာကို လက်ဖြင့် ပွတ်သပ်လိုက်၏။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now