Part - {4}

5.7K 727 35
                                    

"စကားလုံးတစ်လုံးထဲနဲ့ အဲ့ဒီ့လူက ငါ့အပိုင်ဖြစ်လာတယ်"

တစ်စုံတစ်ခုက မသက်မသာဖြစ်နေသလိုမျိုး အီဗန်ရဲ့ နူးညံ့တဲ့မျက်နှာပေါ်မှာ ခဏဖြတ်ပြေးသွားတယ်။ ဒါပေမဲ့ ဘာမှမဖြစ်ခဲ့သလိုမျိုး တည်ငြိမ်တဲ့ အသွင်အပြင် ပြန်ဖြစ်သွားတယ်။

ကျွန်တော် အဲ့စာကြောင်းကို အရင်က တစ်နေရာရာမှာ မကြာခဏကြားဖူးသလိုပဲ။ အဲ့ဒီ့ရင်းနှီးနေတဲ့ စာသားကို စဉ်းစားနေတုန်း အီဗန့်လက်က ကျွန်တော့်ဆီ လှမ်းလာတယ်။ ကျွန်တော့်ရဲ့ မေးစေ့ကို ကိုင်လိုက်ရင်း အတင်းပဲ ခေါင်းမော့စေတယ်။

"ဘာတွေ တွေးနေတာလဲ?"

"ဟမ်?"

"သိချင်ရုံပါ။ ငါမင်း ဘာလုပ်နေတာလဲဆိုတာကို မြင်နေရတယ်။ ဒါပေမဲ့ မင်းခေါင်းထဲ ဘာတွေတွေးနေတာလဲဆိုတာတော့ မခန့်မှန်းနိုင်ဘူး။"

အီဗန်က တည်တည်ငြိမ်ငြိမ်နဲ့ တီးတိုး ပြောလာတယ်။ အီဗန်က ကျွန်တော်နဲ့ အရမ်း နီးကပ်နေတော့ နေရခက်လာတယ်။ သူ့ဆီကနေ ကျွန်တော် ခြေတစ်လှမ်းစာ နောက်ဆုတ်လိုက်ရတယ်။

"မ-မင်း အရမ်းကပ်နေတယ်"

အဲ့လိုဆိုပေမဲ့ အီဗန်က ဘယ်သောအခါမှ ကျွန်တော်နား တွယ်ကပ်နေတာကို ရပ်မသွားဘူး။ ထိုင်ခုံအစွန်းနား ထိုင်နေရတော့ ကျွန်တော် ယိုင်သွားတယ်။

"အဲ့တာကြောင့် မင်းငါ့ကို ပြောပြမှ ရမယ် ဟေးလ်"

"...ပြောပြရမယ်။ ဘာကိုလဲ?"

စားပွဲပေါ် တင်ထားတဲ့ ကျွန်တော့်လက်ကို ဆုပ်ကိုင်ခံလိုက်ရတယ်။ သူ့ရဲ့လက်က ကျွန်တော့်ထက် ပိုနူးညံ့ပြီး ပိုသေးတယ်။ ကျွန်တော်တို့လက်တွေ အချင်းချင်း ယှက်ပြီး ကိုင်လိုက်တော့ ကျွန်တော့်မှာ အံ့ဩပြီး ပါးစပ်တောင် ပြန်မပိတ်နိုင်ဘူး။ အီဗန်က ပြုံးလိုက်တယ်။

"ငါတို့ လက်တွေကိုင်လို့ ရတယ်မလား?"

"ဟမ်? ရ-ရတယ်"

ကျွန်တော် ကြောင်တောင်တောင်နဲ့ ခေါင်းငြိမ့်လိုက်တယ်။ စဉ်းစားကြည့်မှပဲ အီဗန်က အမြဲ ကြိုတင်အသိမပေးပဲ ကျွန်တော့်ကို လာလာထိတတ်တယ်။ အခုလိုပဲ။ ကျွန်တော်ရင်ခုန်မြန်နေလို့ စိတ်ငြိမ်ဖို့ အသက်ရှူသွင်းလိုက်တော့ အီဗန့် ကိုယ်သင်းရနံ့က ရုတ်တရက်ကြီး ပြင်းပြင်းထန်ထန်ကို မွှေးပျံ့လာတယ်။ ကျွန်တော့်ဦးနှောက် ရပ်သွားသလိုဖြစ်ပြီး မျက်တောင် တစ်ချက်ခတ်လိုက်တဲ့အချိန် ကြည်လင်ပြီး ပြတ်သားတဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်။ သူ့ရဲ့ တီးတိုးပြောလိုက်တဲ့ အသံနဲ့အတူ အသက်ရှူသံ တစ်ချက်ချင်းစီက ကျွန်တော့်ကို အူယားစေတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now