Part - {61}

1.3K 133 2
                                    


"ကောင်းလိုက်တာ! အီဗန်ပဲ! ဘာလဲ အခုတော့ ငါ့ကိုပါ မင်းအိမ်ကို ဖိတ်ပြီပေါ့။ မင်း ငါ့ကို ဒီလောက်တောင် သတိရနေတာလား? အခုမှ ငါ့ရဲ့ တန်ဖိုးကို သိပြီပေါ့? ကျောင်းမှာတုန်းကဆို မင်းတို့ငါ့ကို အေးတိအေးစက်နဲ့လေ"

ကာမန်ကတော့ တံခါးကနေ ဝင်လာလိုက်တာနဲ့ တပြိုင်နက် စပြီး စကားများတော့တာပဲ။ သူ့ခမျာ စိတ်လှုပ်ရှားလွန်ပြီး ပေါက်ပေါက်ဖောက်နေတာ မရပ်တော့ဘူး။ ရင်းနှီးနေကျ အနီရောင်ဆံပင်တွေက ကျွန်တော့်ကို စိတ်သက်သာရာ ရစေတယ်။ ကာမန်ကတော့ ဘာတွေ ပြောနေပြန်တာလဲ? တွေးမိရင်းနဲ့ ရယ်မောမိသွားတယ်။

ရယ်သံကြားလိုက်ရတာနဲ့ အီဗန်က ချက်ချင်း ကျွန်တော့်ကို လှည့်ကြည့်လာတယ်။ ကြောင်အ,နေပြီး သူ့အမူအရာက အေးခဲနေတယ်။

"ငါ အိမ်လည်လက်ဆောင်လည်း ယူလာတယ်။ ဒါကိုကြည့်ပါအုန်း"

ကာမန်က သူ့နောက်ကနေ တစ်ခုခုကို ဆွဲထုတ်လိုက်တယ်။ ဒါပေမဲ့ အီဗန်က ချွေးစေးတွေနဲ့ ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ ဘာ ဘာလို့ သူက ကျွန်တော့်ကို အဲဒီ့လို ကြည့်နေရတာလဲ? ကျွန်တော် သတိထားမိတာနဲ့ ချက်ချင်း အကြည့်လွှဲလိုက်တယ်။

အိုး။ သူကျွန်တော့်ကို နည်းနည်းလောက် ရယ်ဖို့ ပြောထားသားပဲ။ ဒါပေမဲ့ အခုလည်း သဘာဝအတိုင်း သူ့အလိုလို ဖြစ်လာတဲ့ အပြုံးက မလွယ်တော့ပြန်ဘူးလေ။

"ဘာမျက်နှာကြီးလဲဟ? ငါ့လက်ဆောင်ကို ထားခဲ့ပြီး သွားတော့လို့ နှင်ချချင်နေတာလား?"

ကာမန်က မျက်မှောင်ကြုံ့လိုက်ပြီး သူကိုင်ထားတဲ့ အိတ်ကို တင်းနေအောင် ပွေ့ထားတယ်။

"မရဘူးနော်။ အလုပ်မဖြစ်ဘူး။ တွယ်ကပ်နေဖို့ ခက်ပေမဲ့ ထွက်မသွားဘူးနော်။ လီမန်က ဘယ်တော့မှ အဲဒီ့လို မလုပ်ဘူး။"

မဟုတ်ဘူး၊ ကျွန်တော် သူ့ကို မရယ်ပါဘူး။ ကာမန့်မျက်နှာက ဆူပုတ်နေတာပဲ။ သူ့ပါးကို ဖောင်းလိုက်ပြီး ချစ်စရာကောင်းအောင် လုပ်နေတာက ရွံစရာကြီး။ စကားမစပ် သူက ဘာလို့ အခြားနာမည်ကို သုံးနေရတာလဲ၊ လီမန်? ကြည့်ရတာ စိမ်းမနေတော့ဘူးဆိုတော့ အကျင့်ပါသွားပြီနေမှာ။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Donde viven las historias. Descúbrelo ahora