Part - {69}

1.2K 107 0
                                    

“ချစ်တယ်နော်ဟေးလ်”

နှစ်ယောက်ကြား အကွာအဝေးက ကျဥ်းမြောင်းသွားပြီး နူးညံ့တဲ့အသံလေးက ကျွန်တော့်နားထဲ တီးတိုးလေး တိုးဝင်လာတယ်။ လရောင်နဲ့အတူ အီဗန့်ရဲ့ ဖြူဖွေးနေတဲ့ အသားအရည်က တောက်ပနေတယ်။ ပြီးတဲ့နောက် ကူရာကယ်ရာမဲ့စွာ စကားတွေကို ထပ်ကျော့ ပြောဆိုနေတယ်။

“ချစ်တယ်။ ချစ်တယ် ဟေးလ်”

အသိစိတ်လွတ်သွားသလိုမျိုး ဖြစ်နေတဲ့ အီဗန့်အကြည့်တွေက နေရခက်စေတယ်။ အီဗန်က ကျွန်တော့်ကိုယ်ကို ပွတ်သပ်နေရင်း သူ့လက်က အားအနည်းငယ် လျော့လာတယ်။ အဲဒီ့အချိန် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစား ရုန်းကန်လိုက်ပေမဲ့ အီဗန်က ပိုပြီး မြန်တယ်။ ကျွန်တော့်လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားတဲ့ အီဗန့်လက်က ချက်ချင်း လွှတ်လိုက်ပြီး အကာအကွယ်မဲ့စွာ ရှိနေခဲ့တဲ့ ကျွန်တော့်လည်ပင်းထက် ရောက်သွားတယ်။

“အာ့!”

အီဗန့်လက်သည်းတွေက အသားထဲ ထိုးဖောက်လုမတတ် ကြမ်းတမ်းစွာ ဆုပ်ကိုင်ထားတယ်။ ကျွန်တော် ထိတ်လန့်သွားပြီး လည်ပင်းက တောင့်တင်းနေကာ ရှောင်ထွက်မရဘဲ အီဗန့်ကို ကြည့်နေရုံသာ တတ်နိုင်တယ်၊ ဒီလိုစိတ်ဖိအားကြောင့် မျက်ရည်ပါ ဝဲတက်လာတယ်။

“မနေ့ညက ငါ့အိပ်မက်ထဲမှာ ဟေးလ်ရောက်လာတယ်”

အီဗန်က နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်တော့ တက်ကြွနေသလို ဖြစ်စေတယ်။ တောက်ပနေတဲ့ လရောင်တွေကလည်း ကျွန်တော် မမြင်ချင်တဲ့အရာတွေကိုပါ မြင်နေရအောင် လင်းလက်နေတယ်။ စူးစိုက်ကြည့်နေတဲ့ အကြည့်တွေက နက်နဲလွန်းပြီး တီးတိုးပြောနေတဲ့ အီဗန့်ခန္ဓာကိုယ်က ပူလောင်နေတယ်။

“ဟေးလ်က ငါ့အရှေ့မှာ ဒီလိုမျိုး လုပ်နေခဲ့တာ”

“အာ…”

“ဒါပေမဲ့ ငါ့ရှေ့က ဟေးလ်က အိပ်မက်ထဲကထက် ပိုလှတယ်။”

ဆုပ်ကိုင်ခံထားရတဲ့ ခြေထောက်တွေက တုန်လှုပ်လာတယ်။ ထူးဆန်းစွာပဲ၊ ထောင်ချောက်ထဲ မိနေတဲ့ သားကောင်လို ခံစားလိုက်ရတယ်။

“ဟား… ဟေးလ်”

အီဗန်က သက်ပြင်းချလိုက်တယ်။ ကျွန်တော့်နာမည်က သက်ပြင်းချသံထဲမှာ ရောနှောသွားတယ်။ သူ့မျက်လုံးတွေက ကျက်သရေရှိစွာ တွန့်ကွေးနေပြီး တစ်ဖက်ခြမ်းကနေ လရောင် ဖြာကျနေတဲ့အတွက် ကောက်ကြောင်းတွေက ရှင်းလင်းစွာ ထင်ဟပ်နေတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now