အဆုံးမှာတော့ ကျွန်တော် အဖြေမရှာနိုင်ခဲ့ဘူး။ ကျွန်တော် လမ်းပတ်လျှောက်နေတုန်းမှာတင်ကို အချိန်တွေက တော်တော် ကုန်သွားပြီ။ ရောက်ဖို့လိုသေးသလို ထင်ရတဲ့ နွေရာသီ အားလပ်ရက်က နီးကပ်လာပြီ။ ဒီနေ့က အားလပ်ရက် မစခင်ရက်ပဲ (မနက်ဖြန်က အားလပ်ရက်)။ ကျွန်တော် မနက်ထလာတာ မကြာသေးသလို ခံစားရပေမဲ့ နေလုံးကြီးက ကောင်းကင်ယံရဲ့ အလယ်တည့်တည့်မှာ ရှိနေတော့ သက်ပျင်းမောပဲ ချလိုက်တော့တယ်။
“မနက်ဖြန်ကျရင် ငါ့ရဲ့အခန်းဖော်နဲ့ တာ့တာပဲ! နွေရာသီအားလပ်ရက်က အကောင်းဆုံးပဲ။ တကယ်ရင်ခုန်စရာကြီး။ ငါတော့ အရမ်းအရမ်းကို သဘောကျနေပြီကွာ။”
ကာမန်က လက်ဝှေ့ယမ်းပြတယ်။ ကာမန်က အော်ဟစ်နေရင်း သူဘယ်လောက်အထိ ပျော်နေလဲဆိုတာ မြင်နေရတော့ နည်းနည်းအားကျမိတယ်။ ကျွန်တော်က သနားဖို့တော့ ကောင်းသားပဲ။ အားလပ်ရက်ကို အဲ့လိုစိတ်ကော ကိုယ်ပါနှစ်ပြီး ကြိုဆိုဖို့ဆိုတာ အိပ်မက်တောင် မမက်ခဲ့ဖူးဘူး။
ကျွန်တော် စပြီးသံသယဝင်လာတာနဲ့ အီဗန်ရဲ့ အပြုအမူသေးသေးလေးကတောင်မှ ဟေးလ်ဗာဒီနဲ့ ထပ်တူကျနေသလို ခံစားရတယ်။ အဲ့တာကြောင့်ပဲ ကျွန်တော့်မသိစိတ်ကနေ အီဗန်ကို ရှောင်နေမိတာ နေမှာ။ ကျွန်တော် ဒီလိုဖြစ်နေရင် အီဗန်ဘယ်လောက်နာကျင်နေမလဲ သိတာကြောင့် အတတ်နိုင်ဆုံး ကိုယ့်ကိုကိုယ် ထိန်းချုပ်ဖို့ ကြိုးစားပေမဲ့လည်း တွေးသလောက်တော့ မလွယ်ဘူးလေ။
ကျွန်တော်တို့ စပြီးတွဲပြီးတဲ့နောက်ပိုင်း အသားချင်းထိတာတွေ၊ နမ်းတာတွေက မတိုးတော့ဘဲ ပိုပိုနည်းလာတာ။ အီဗန်နဲ့ အကြည့်ချင်းဆုံဖို့ကတောင် ခဲယဥ်းလာတယ်။ အီဗန်လည်း ကျွန်တော် ပြောင်းလဲနေတာကို သတိထားမိပုံပဲ။ နက်ရှိုင်းပြီး နူးညံ့တဲ့အနမ်းတွေက နောက်ပိုင်းမှာ ပိုပိုပြီး ကြမ်းတမ်းလာတယ်။ မနေ့ညကဆို ကျွန်တော့်နှုတ်ခမ်းပေါက်သွားတယ်လေ။ ပေါင်မုန့်ပိုင်းတစ်ခုနဲ့ အရေလန်နေတဲ့ကျွန်တော့် နှုတ်ခမ်းတို့ ထိသွားတော့ ဒဏ်ရာက စပ်ဖျဥ်းဖျဥ်းဖြစ်သွားတယ်။
“ဟေးလ်။ Hey, hey!”
အီဗန်ကျွန်တော့်နာမည်ကို ခေါ်တာက အဓိပ္ပါယ် အများကြီးရှိတယ်။ တစ်ခုက သူ့ကို အာရုံစိုက်လာအောင် ခေါ်တာ၊ နောက်တစ်ခုက နမ်းကြတော့မယ်ဆိုတဲ့ ရှေ့ပြေးနမိတ်ပဲ။ မနေ့ညကခေါ်တာမျိုးဆို နောက်ကတစ်ခုပဲ။ စိတ်မကျေမနပ်ဖြစ်တာနဲ့ ဒေါသထွက်တာလေးတွေ အနည်းငယ်ရောယှက်နေတဲ့ အသံချိုချိုလေးကို ကြားလိုက်ရရင် အလိုအလျှောက်ကို အသက်ရှူအောင့်ထားမိတာပဲ။ အခုဆို တကယ်ပဲ အီဗန်က ကျွန်တော့်ရဲ့ အသက်ရှူလုပ်ငန်းစဥ်ကိုပါ ထိန်းချုပ်နိုင်သွားပါပြီ။
ESTÁS LEYENDO
အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)
RomanceLanguage Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Description ကျွန်တော်က နာမည်ကြီး BLဝတ္ထုထဲက အထက်ပုဂ္ဂိုလ်ထဲ ကူးပြောင်းလိုက်ရပေမဲ့ အောက်ပုဂ္ဂိုလ်က ထူးဆန်းတယ်...