Part - {48}

1.8K 239 6
                                    

အဲ့ဒီ့နောက် အီဗန်က ကျွန်တော့်ဖုန်းလျှို့ဝှက်နံပါတ်ကို ဖွင့်ဖူးတာ သတိရလိုက်တယ်။အီဗန်ကသာ ရူဒယ့်ဖုန်းနံပါတ်ကို blockပြီး ဖုန်းမှတ်တမ်းကို ရှင်းပစ်လိုက်တဲ့ သူမှန်း ရှင်းနေတာပဲ။ သူကဘာလို့ ကျွန်တော့်ဖုန်းထဲက ရူဒယ့်ဖုန်းနံပါတ်ကို ဖျက်ပစ်လိုက်ရတာလဲ? သူက ကျွန်တော် ရူဒယ်နဲ့ အဆက်အသွယ် လုပ်မှာကို မုန်းလို့များလား?

အီဗန်သာဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဘာလို့ဆို အီဗန်က အရင်တုန်းကတည်းက ရူဒယ်ကို အမြဲ မျက်မုန်းကျိုးနေတာ။ ဒီ့အပြင် ကျွန်တော်က ရူဒယ့်ကြောင့် ဒဏ်ရာရလုနီးနီး ဖြစ်ခဲ့တာလေ။ သူနဲ့ ကျွန်တော်က နေ့တိုင်း အတူသွားလာနေထိုင်နေကြတဲ့ လူတွေဆိုတော့ သူကျွန်တော့်ဖုန်း လျှို့ဝှက်နံပါတ်ကို ခန့်မှန်းနိုင်မှာပဲ။

ဒါပေမဲ့ အီဗန်က ဘယ်လိုလုပ်ပြီး ဒါက ရူဒယ်ဖုန်းနံပါတ်မှန်း သိနေရတာလဲ? အီဗန်က ရူဒယ်နဲ့ ဆက်သွယ်ရမဲ့ နံပါတ်တွေ လဲဖူးမှာ မဟုတ်လောက်ဘူး။

“ဟေးလ် မင်းငါ ပြောတာ နားထောင်နေလား?”

စိတ်ရှုပ်ထွေးမှုကနေ ပင်ပန်းလာတော့ ဖြူဖျော့လာချိန် ကာမန်က ကျွန်တော့် မျက်စိရှေ့ကို လက်ဝှေ့ယမ်းပြလာတယ်။ ရွှင်ပြုံးနေတတ်တဲ့ မျက်နှာ(ကာမန်)က ကျွန်တော့်ကို ဘယ်သွားနေတာလဲဆိုပြီး မေးဆတ်ပြရင်း မေးလာတယ်။

“အာ၊ အာ။ ငါနားထောင်နေပါတယ်...”

အဲ့ဒီ့နောက် ရုတ်တရက် အစောပိုင်း အီဗန် ရေရွတ်နေတာကို ပြန်ကြားယောင်လာတယ်။

“ငါနားထောင်နေတာ။ ဒီရက်ပိုင်း...”

ရူဒယ် လှေကားပေါ်ကနေ ပြုတ်ကျလာတုန်းကလည်း လိုင်းမပြတ်သွားခင် တစ်ယောက်ယောက်အသံကို ကြားလိုက်ရသေးတာ။ အဲ့ဒီ့တနင်္ဂနွေညက အီဗန်ပြောတဲ့ ‘ငါနားထောင်နေတာ’ဆိုရင်၊ အဲ့ဒီ့ညက...။

မူလဟေးလ်ဗာဒီစကားတွေပါ ပြောခဲ့သူက အီဗန်ပဲလား?

အဲ့တာအပြင် အီဗန်က ကျွန်တော် အဲ့ဒီ့ညက နားထောင်နေခဲ့တယ်ဆိုတဲ့အကြောင်း သိနေတယ် ဆိုတာ ရှင်းနေတာပဲလေ။ တနင်္ဂနွေနေ့ညနေ ရူဒယ်ဖုန်းခေါ်ခဲ့တဲ့အချိန်၊ ဖျက်လိုက်တဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်းက ရူဒယ်ဒဏ်ရာရတဲ့ အချိန်နဲ့ တူနေတာနဲ့တင် သက်သေဖြစ်နေပြီပဲ။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now