<Unicode>
ရှင်းစစ်လျန် ဟာ အရမ်းချောမောလှတဲ့ Omegaလေး တစ်ဦးဖြစ်သည်.......
ချောမောလှပလွန်းတဲ့ ယောက်ကျာ်းလေး Omegaတစ်ဦးဖြစ်တဲ့အပြင် Aမြိုရဲ့ တတိယအချမ်းသာဆုံး SM Groupရဲ့ အငယ်ဆုံး သားလေးလည်းဖြစ်သည်....
ထိုသို ချောမောမှု့နှင့်အညီ မည်သူကိုမှ ဂရုမစိုက်ပဲ တစ်ယောက်ထဲ သီးသန့်နေကာ ချေလွန်းတဲ့ ရှင်းစစ်လျန် ရဲ့ အပြုအမှုကိုပဲ အင်အားကြီးမားလွန်းတဲ့ အမျိုးသားအမျိုးသမီး Alphaတွေနဲ့အတူ Beta အမျိုးသား အမျိုးသမီးတွေမှ ကျဆင်းနေစမြဲပင်......
Omegaဆိုပြီး တခြားသူတွေလို သေးသေးညှပ်ညှပ်လေးမဟုတ်ပဲ ရှည်လျားတဲ့ ပေါင်တံတွေရယ် သူဟာနဲ့သူ အချိုးအစားအပြည့်နဲ့ ဝမ်းဗိုက်ကြွက်သားတွေရယ်နဲ့အတူ လူတိုင်းငေးမောရလောက်တဲ့ မျက်နှာသွင်ပြင်တို့ကို ပိုင်ဆိုင်ထားလေသည်.....
တတိယအချမ်းသာဆုံး မိသားစုမှ အငယ်ဆုံးသားဖြစ်တဲ့အပြင် မိဘနှစ်ပါးရဲ့ အလိုလိုက်မှု့နှင့်အတူ အကိုဖြစ်သူ Alpha ရှင်းစစ်ချင် တို့၏ ထိန်းကွပ်မှု့အောက်မှာ သာမာန်လူ မော်မကြည့်နိုင်လောက်တဲ့အထိ အဆင့်အတန်းမြင့်မားလေသည်.....
ပညာအရေးအချင်းဟာလည်း အမြဲတမ်း ထိပ်ဆုံးမှာပင် အေးတိအေးစက်နဲ့ အရယ်အပြုံးနဲ့တဲ့ ထို Omegaလေးဟာ မိသားစုမှလွဲရင် မည်သူကိုမှ ပြုံးရယ်ပြခြင်းမရှိပဲ စိတ်အခြေအနေမကြည်လျှင် လှောင်ပြုံးပြုံးကာ တစ်ခါတစ်ရံ ပြဿနာရှာတက်သေးသည် ထိုမျှလောက် ရေခဲတုန်းလို အေးစက်တဲ့ ကောင်လေးမှာ လူတိုင်းသိတဲ့ နောက်ထပ်နာမည်တစ်မျိုးလည်း ရှိပေသေးသည်.....
ထိုနာမည်ကတော့ Devil Prince (နတ်ဆိုးမင်းသား)ပင်ဖြစ်သည် ထိုနာမည်ဖြစ်ပေါ်လာခြင်းအကြောင်းကတော့ ထိုအချေ
လွန်တဲ့ မင်းသားလေးကို Alpha တစ်ဦးမှ သူကိုငြင်းပယ်ရမလားဆိုတဲ့ အကြောင်းပြချက်နဲ့ Alpha Pheromoneေတွ ထုတ်လွှတ်ခဲ့မှု့ကြောင့် အတန်းထဲမှ တခြားသူများ ဒူးညွှတ်ကျသွားလောက်တဲ့ အထိ ယောက်ယက်ခတ်ခဲ့ပေမဲ့လည်း ထိုမင်းသားလေးကတော့ လှောင်ပြုံးတစ်ချက်ပြုံးကာ ထိုလူ နောက်ဘယ်တော့မှ ထပ်မလုပ်ရဲ့အောင် အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့သည်........

YOU ARE READING
Candy(U+Z)[Complete]
Randomလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021