<Unicode>
"မား.."
"လျန်အာ.."
စစ်လျန် မိမိအား စိုးရိမ်တကြီး တစ်ကိုယ်လုံး စုံဆန်ကြည့်နေတဲ့ မားကြောင့် ..
"မား လျန်အာ အဆင်ပြေပါတယ် ဘာမှမဖြစ်ပါဘူး.."
"မားက မားရဲ့လျန်အာလေးကို စိုးရိမ်နေတာ"
"လျန်အာ ဘာမှမဖြစ်ပါဘူး မားရဲ့.."
စစ်လျန် မားရင်ခွင်ထဲမှာ မားစိတ်ချမ်းသာအောင် အဆင်ပြေကြောင်း တဖွဖွပြောနေချိန် ထိုလူကြီးနဲ့ ပါးကတော့ စစ်လျန်တို့အား ကြည့်နေလေသည်။
"လျန်အာကို ပြန်ပို့ပေးလို့ မောင်ရင်ကို ကျေးဇူးတင်ပါတယ်"
"ဒါ ကျွန်တော့်လုပ်ရမှာပါပဲ၊ပြီးတော့ ကျွန်တော် ရှင်းသခင်ကြီးကို ပြောစရာရှိပါတယ်"
"ပြောပါ"
"စစ်ချင်လည်း ကြိုပြောပြီးလောက်ပြီဆိုပေမဲ့၊ကျွန်တော် လျန်အာနဲ့ လက်ထပ်ချင်ပါတယ်"
"ဦးလေးတို့လည်း စဥ်းစားပြီးသားပါ ပြီးတော့ ချင်အာပြောလို တစ်ချို့ အကြောင်းတွေကို သိပြီးပါပြီ ၊ဒီတော့ ရက်ကောင်းရက််မြတ် ရွေးဖို့ပဲ လိုတော့တယ်"
"ကျွန်တော်ကို ခွင့်ပြုပေးလို့ ကျေးဇူးတင်ပါတယ်၊ကျွန်တော် လျန်အာကို တစ်သက်လုံး သစ္စာရှိသွားမှာပါ"
"ဦးလေးတို့လည်း နားလည်ထားပါတယ် ဘာပဲဖြစ်ဖြစ် တစ်ချိန်မှာ လျန်အာက ကိုယ်ပိုင်မိသားစုလေးကို ပိုင်ဆိုင်ရမှာပဲလေ"
"ဟုတ်ကဲ့"
ထိုနောက််မှာတော့ စစ်လျန်တိုမိသားစုနှင့် ထိုလူကြီး ညစာစားပြီ ပြန်ချိန်ရောက်ပြီဖြစ်သည်။
"ကိုယ် ပြန်တော့မယ်၊အိပ်ခါနီး ရေကိုအကြာကြီး ဇိမ်နဲ့မဆိုးနဲ့နော် honey"
"ကျွန်တော် သိပါပြီ"
"အင်း ကိုယ်အိမ်ပြန်ရောက်ရင် လှမ်းphဆက်လိုက််မယ် ၊ဟူး ကိုယ် honeyကိုထားပြီ မပြန်ချင်ဘူး၊ကိုယ်နဲ့အိမ်ပြန်လိုက်ခဲ့မလား"

BINABASA MO ANG
Candy(U+Z)[Complete]
Randomလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021