Part 39

10.9K 693 17
                                        

<Unicode>

"Darling. .."

စစ်လျန် သူခေါ်လိုက်တာနဲ့ ချက်ချင်း ကုတင်နားရောက်လာတဲ့ Darlingအား လက်ကမ်းပြလိုက်တော့ ထိုလူကြီးက အလိုက်တသိပင် မိမိအား ပွေ့ချီလာလေသည်။

စစ်လျန် Darling ရင်ခွင်ထဲမှာ ငြိမ်နေရင်း ကတစ်စုံတစ်ခုကို တွေးတောနေမိသည်။

စစ်လျန် ဒီနေ့ တစ်မျိုးကြီး ခံစားနေရတယ်။

၇လပြည့်ပြီဖြစ်တဲ့ ဗိုက်ကလေးက တော်တော်ကို ပူထွက်နေတာကြောင့် စစ်လျန် ထိုင်ရထရတာ အဆင်မပြေပေ။

ဒါ့ကြောင့် ဖရဲသီးလေး၅လကတည်းက စစ်လျန် ကျောင်းမသွားတော့ပဲ အိမ်မှာသာ online classတက်ပြီး ပိုင်လန်ကလည်း စစ်လျန်အား စာနှင့်ပတ်သတ်တာတွေ လာလာရှင်းပြလေ့ရှိသည်။

ထိုပြင်မားကလည်း စစ်လျန်အား စိတ်မချ၍ ၂ပတ်တစ်ခါ လာလာကြည့်ပေးလေ့ရှိသည်။

၇လပြည့်လို့ နေစေ့လစေ့ဖြစ်နေပြီဆိုပေမဲ့ မွေးရက််မရောက်သေးတော့ စစ်လျန် နေရတာတော်တော်ခက်ခဲလေသည်။

အဲ့ပြင် ကြားထဲမှာ ဖရဲသီးလေးက အရမ်းကန်တော့ အိပ်နေရင်း၌ပင် ဆက််မအိပ်နိုင်တော့တဲ့ အဖြစ်တွေ ခဏခဏကြုံလေသည်။

ဖရဲသီးလေး စစကန်တုန်းကဆို Darling တစ်ယောက် အပျော်လွန်းပြီး မျက်ရည်တောင်ကျရသည့်အဖြစ်ကို စစ်လျန် မှတ်မိသေးသည်။

ထိုပြင် ကိုယ်ဝန်ကြောင့် ခြေထောက်တွေ‌ေဖာ‌ေယာင်ကာ ကိုက်ခဲတာနဲ့အတူ
ပိုဆိုးက လနုတုန်းက စားချိန်သောက်ချင်စိတ်က အခု လရင့်လာချိန်မှာတော့ တော်ရုံဘာမှ စားမဝင်တော့ပေ။

တော်သေးတာတစ်ခုက သူ့ကိုယ်ဝန်လာရင့်လာကတည်းက Darling ဘယ်မှမသွားပဲ စစ်လျန်အား အရိပ်တကြည့်ကြည့် ကြည့်နဲ့ လိုက်စောင့်ရှောက်ပေးသလို ခြေတွေလက်တွေ ကိုက်ခဲချိန်မှာလည်း စစ်လျန် သက်သာအောင် နှိပ်နယ်ပေးလေသည်။

ထိုပြင် အကြောပြတ်ရာ‌ေတွအတွက်လည်း သူကိုယ်တိုင် စစ်လျန်ရဲ့ ဗိုက်အနှံ သံလွင်ဆီလိမ်းကျံပေးလေသည်။

Candy(U+Z)[Complete]Donde viven las historias. Descúbrelo ahora