Part 11

14.1K 1.2K 11
                                    

<Unicode>

ဘာလိုလိုနဲ့ စစ်လျန်တို့ စာမေးပွဲ ဖြေဆိုရန် နောက်ဆုံးရက်ကို ရောက်ရှိလာခဲ့ပြီ...

ထုံးစံအတိုင်းလိုပါပဲ စစ်လျန်နဲ့ ပိုင်လန်မှာ အိမ်မှာစာကြည့်တယ် ကျောင်းရောက်ရင် ရီစရာတွေပြောကြတယ် စာကိုထွေထွေထူးထူး ကြည့်မနေတော့ပါဘူး စာမေးပွဲဖြေစရာရှိရင် ဖြေလိုက်တယ်..

အခု့လည်း စာမေးပွဲဖြေပြီး သူများတွေက အဖြေတွေ အချင်းချင်းတိုက်နေကြတဲ့အခါ စစ်လျန်တို့ကတော့ လာကြိုတဲ့ driverကိုစောင့်ရင်း ပျော်ပွဲရွှင်ပွဲ အကြောင်းဆွေးနွေးနေကြသည်......

"ပိုင်လန် ဒီနေ့ ငါအိမ်မှာ လာအိပ်ပါလား.."

"ဟမ် ဘာလို့လည်း.."

"ဒီနေ့ စာ‌ေမးပွဲလည်း ပြီးပြီဆိုတော့ မားက ကအိမ်မှာ စားပွဲလုပ်‌ေပးချင်လို့တဲ့ အဲ့တာ မင်းကိုပါ မားက ခေါ်ခိုင်းလိုက်တယ်...."

"အင် ငါ့အထင် လိုက်လို့မကောင်းဘူးထင်တယ်.."

"ဘာလိုလည်း.."

"အန်တီက မိသားစုတွေလုပ်မှာလေ ငါကအပြင်လူကို အဆင်မပြေလောက်ဘူး ငါမလိုက်တော့ပါဘူးကွာ..."

"ဟာ့ ငါ့မားကိုယ်တိုင်ကိုက ခေါ်ခိုင်းလိုက်တာပါဆို ပြီးတော့ ဘာကိုအပြင်လူလည်း ငါတို့က မင်းကို မိသားစုလိုပဲ မှတ်ထားတာ မဟုတ်တာတွေ လျှောက်မတွေးနဲ့ ပြီးတော့ လိုက်ခဲ့ပါကွာ မင်းလိုက်ရင် ပျော်ဖို့ကောင်းမှာ..."

"ဒါပေမဲ့..."

"ဟေ့ရောင် မင်းလိုက်မှာလား မလိုက်ဘူးလား ငါကတော့ ဒီသူငယ်ချင်းလေး တစ်ယောက်ပဲ ရှိလို့ ခေါ်နေတာကို မင်းကတော့ ငါစကားကို အလေးမထားဘူး..."

ဟေ့ ဒါရှင်းစစ်လျန်မှ ဟုတ်ရဲ့လား ဘာလို့မျက်နှာငယ်လေးနဲ့ ပြောနေရတာပါလိမ့်...

ပိုင်လန် သူ့ကိုမျက်နှာငယ်လေးနဲ့ ပြောနေတဲ့ စစ်လျန်ကြောင် အားနာသွားရသည် စစ်လျန်ပြောတာလည်း မှန်ပါတယ် သူမှာ သူငယ်ချင်းဆိုလို့ စစ်လျန်တစ်ယောက်ပဲရှိတာ အဲ့လိုပဲ အနေအေးတဲ့ စစ်လျန်မှာလည်း သူငယ်ချင်းဆိုလို့ သူတစ်ယောက်ထဲလေ....

Candy(U+Z)[Complete]Where stories live. Discover now