<Unicode>
ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲအပြင်အဆင်တွေနဲ့ လိုက်ဖက်ညီလှတဲ့ ကောနှင့်ပိုင်လန်တို့ရဲ့ အသွင်အပြင်ကို ကြည့်ရင်း စစ်လျန်ပြုံးမိလေသည်။
တစ်ယောက်နဲ့တစ်ယောက် ကတိသစ္စာဆိုပြီး လက်ထပ်လက်စွပ် စွပ်ပေးနေကြတဲ့ ကောတို့ကိုကြည့်ရင်း စစ်လျန် ကြည်နူးမိလေသည်။
ထိုချိန် စစ်လျန်ခါးအား ဖက်ထားတဲ့ လူကြီးက စစ်လျန်မျက်နှာနားကပ်ကာ ပြုံးလျက်ဆိုလေသည်။
"ပျော်လား.."
"အွန်း ပျော်တယ်.."
"ဒါဆို ပိုပျော်ရအောင် ကိုယ်တို့ နောက်တစ်ကြိမ်ထပ်ပြီး လက်ထပ်ကြမလား....."
စစ်လျန် ထိုလူကြီး လက််မောင်းကို ခပ်ဖွဖွထုရင်း..
"ခမ်ဗျား အပိုတွေမပြောနဲ့ .."
"ကိုယ် အပိုတွေပြောနေတာ မဟုတ်ဘူး အချစ်ကလေးရဲ့၊ တစ်ကယ်ပြောနေတာ ဘာပဲဖြစ်ဖြစ်လေ နှစ်ခါနှစ်လက်ထပ်တော့ မင်္ဂလာနှစ်ခါဦးရတာပေါ့"
"ကြည့်စမ်း သူများတွေ မင်္ဂလာယူနေချိန် မဟုတ်တာတွေ လျောက်တွေးနေတယ်၊ သွား ခမ်ဗျားက ကျွန်တော် ယောကျာ်း ဟန်ရွမ်းယု အစစ်မဟုတ်ဘူး ၊ ကျွန်တော် ယောကျာ်းက အခုလို မျက်နှာမပြောင်ဘူး"
"ဟားဟား ကိုယ် မျက်နှာပြောင်တာ ဟန်ကတော် တစ်ယောက်ထဲရဲ့ အရှေ့မှာပါပဲ၊ အင်း နောက်ဆို သားသမီးတွေရောက်လာရင်တော့ တစ်မျိုးပေါ့.."
"ခမ်ဗျားကြီး ပြောလေဆိုးလေးပါလား၊ အရှက််မရှိလိုက်တာ"
"ဟားဟား မင်းလေး အဲ့လိုရှက်နေရင် ကိုယ် ပိုစချင်တယ် အဲ့တာကို ဘယ်လိုလုပ်ရမလဲ"
"ခမ်ဗျား.."
"Okok ကိုယ့်ကို အဲ့လို စိမ်းစိမ်းကားကား မကြည့်ပါနဲ့ ကိုယ့် အချစ်ကလေးက အဲ့လို စိမ်းကားတဲ့ အကြည့်တွေနဲ့ ကြည့်ရင် ကိုယ် အသည်းနှလုံးလေးက ခံနိုင်ရည် မရှိဘူး.."
စစ်လျန် ထိုလူကြီး နှုတ်ခမ်းက ထွက်တဲ့ စကားတွေကြောင့် ရှက်လွန်းရဲ့ နှုတ်ခမ်းကို အလျှင်စလို ဖိကိုက််မိလေတော့သည်။
YOU ARE READING
Candy(U+Z)[Complete]
Randomလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021