Part 38

9.8K 713 16
                                    

<Unicode>

စောစီးစွာ နိုးထလာတဲ့ မနက်ခင်းတွေနဲ့အတူ ဖြူလွင့်လွင့်အိပ်ယာခင်းကြီးထက််မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ မိမိခင်ပွန်းလေးရဲ့ နူးညံ့တဲ့ပါးပြင်လေးကို ဖွဖွလေးနမ်းရှိိက်ရင်း မနက်ခင်းကို နှုတ်ဆက်ရလေသည်။

"Morning အချစ်ကလေး.."

ထို့နောက််မှာတော့ ပြားချပ်ချပ် ဗိုက်သားလေးထက််မှ honeyလက်ကလေးကို ဖယ်ကာ ထိုဗိုက်လေးထံ အနမ်းပေး၍ နှုတ်ဆက်ရပြန်၏။

"Morningပါ Daddy ဖရဲသီးလေး.."

ကိုယ်ဝန်ရှိနေမှန်းတောင် မသိသာတဲ့ ၃ပတ်အရွယ် ဗိုက်ကလေးကို ရွမ်းယု ပွတ်သပ်ရင်း ပြုံးရယ်မိလေတော့ ရွမ်းယုရယ်သံနှင့် ထပ်တူ ထွက်ပေါ်လာတဲ့ honeyထံမှ ချိုလွင့်လွင့်ရယ်သံလေး။

"honey..."

"အဟွန်း Darling အဲ့လိုနှုတ်ဆက်တော့ ဖရဲသီးလေးက သိမယ်တဲ့လား.."

ထိုသိုပြောရင်း ထလာတဲ့ honeyအား ဖြေးဖြေးချင်း ဆွဲထူပေးရင်း အနည်းငယ် ပွရှုပ်နေတဲ့ ဆံသားနုနုလေးတွေကို သပ်ချပေးရသည်။

"အခုတော့ မသိသေးပေမဲ့ နောင်ဆို ကိုယ်ကို့ ဖရဲသီးလေးက ပြန်နှုတ်ဆက်နိုင်မှာပါ honey.."

"အဟွန်း ကျွန်တော် မျက်နှာသစ်ချင်နေပြီ.."

"သိပါပြီဗျာ.."

ပြုံးစိစိ ရယ်ကာ လက်ကမ်းပြလာတဲ့ honeyအား ပွေ့ချီကာ ရေချိုးခန်းထဲသို့ ဦးတည်ရလေတော့သည်။

ရေချိုးခန်း အောက်ကြမ်းခင်းကို နင်းမိရင်း ချော်လဲမှာဆိုးတာကြောင့် ပွေ့ချီလျက်သား ဘေစင်ပေါ်မှာတင်ပေးကာ အပြာနုရောင် သွားတိုက်တံလေးထဲ သွားတိုက်ဆေး ဖျစ်ထည့်ပေးရင်း ကမ်းရလေသည်။

"ဒီနေ့ honey ကျောင်းသွားမှာမဟုတ်လား.."

သူ့မေးခွန်းအား သွားတိုက်နေတဲ့ honeyက ခေါင်းငုံလျက် ထောက်ခံလေသည်။

နှစ်ယောက်သား မျက်နှာသစ် သွားတိုက်ပြီးတာနဲ့ honeyအား ငြိမ်ငြိမ်လေးနေရန် မှာပြီး bathtubထဲမှာ ချိုးရေဆပ်ရလေတော့သည်။

Candy(U+Z)[Complete]Donde viven las historias. Descúbrelo ahora