Part 47

7.5K 508 9
                                    

<Unicode>

"အင်း....."

ရင်ခွင်ထဲကလှုပ်စိလှုပ်စိနဲ့ ရွေ့လျားမှု့ကြောင့် ရွမ်းယုသူ၏မျက်လုံးတွေကို မှေးဆက်နေရာမှ ဖွင့်ကြည့်မိလေတော့ မျက်စိထဲဝင်လာတာက နုထွေးတဲ့သူ့omegaလေး၏ ပန်းနုရောင်မျက်နှာလေးသာပင်။

မနေ့ကflightဆိုက်ရောက်ကထဲက Hotelရောက်တဲ့အထိ Aမြို့မှာကျန်ခဲ့တဲ့ သားကိုစိတ်ပူလို့ မှိုင်မှိုင်ထွေထွေဖြစ်နေတဲ့ မျက်နှာလေးက screenထက််မှာ တခစ်ခစ်ရယ်နေတဲ့ သားမျက်နှာလေးကိုမြင်ပြီးကာမှ စိတ်ချမ်းသာသွားပုံရသည်။

ရင်ခွင်ထဲတိုးဝင်နေတဲ့ မျက်နှာနုနုလေးကိုဖွဖွနမ်းရင်း နာရီကိုလှမ်းကြည့်တော့ အနည်းငယ်စောနေသေးသည်ကို တွေ့လိုက်ရသည်။

သို့သော် ဆက်အိပ်ဖို့ရန်အတွက်ကလည်း မျက်စိကျယ်သွားပြီမို့ သူ့လက််မောင်းထက်က honeyခေါင်းလေးအား ခေါင်းအုံးထပ်သို့ ဖြေးညင်းစွာချပေးရင်း ရင်ဘတ်နားထိစောင်ကိုဆွဲခြုံပေးကာ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲဝင်ရောက်လာခဲ့သည်။

တစ်ကိုယ်ရေသန့်ရှင်းပြီးသွားချိန်မှာတော့ honeyနိုးလောက််မည့်အချိန်အားမှန်းဆကာ receptionအားဖုန်းဆက်ကာ မနက်စာလာပို့ရန်မှာကြားရလေသည်။

လှပသောကမ်းခြေများနှင့် ညဆိုမီးပန်းအလှပွဲများရှိသည့် Dမြို့ဟာ လာရောက်လည်ပတ်သူ များပြားလှသည်။

လတ်ဆတ်တဲ့ပင်လယ်ရနံကို ရူရှိုက်ရင်း honeyနဲ့အတူ Dမြို့မှာ ပြုလုပ်မည့်အလည်အပတ်ကိစ္စများကို တွေးတောနေစဥ်မှာစဥ် သူ၏စီးပွားရေးတစ်ချို့အား Dမြို့မှာရင်းနှီးမြုပ်နှံရန်တွေးတောနေမိလေသည်။

ထိုအချိန်မှာပဲ ရွမ်းယု၏ခါးအားဖက်တွယ်လာသော သေးသွယ်သည့်လက်ဖဝါးလေးတွေနှင့် ကျောပြင်မှာထိကပ်နေသည့် မျက်နှာလေး၏အထိအတွေ့ကို ခံစားလိုက်ရသည်။

စစ်လျန် အစောပိုင်းကမှနိုးထလာတာဖြစ်သည်။

နိုးလာလာခြင်း Darlingအားမတွေ့တာကြောင့် မျက်နှာသန့်ရှင်းပြီးပြန်ထွက်လာတော့ အခန်း၏ ဝရံတာမှာမတ်တပ်ရပ်ကာ အတွေးလွန်နေသည့် Darlingအားတွေ့ရှိသွားလေသည်။

Candy(U+Z)[Complete]Donde viven las historias. Descúbrelo ahora