<Unicode>
"လျန်အာ မားတို့ သားတို့ဆီက ကလေးကိစ္စ မကြားရသေးဘူးလား"
"မား အဲ့ကိစ္စတွေက စောပါသေးတယ် "
စစ်လျန် အခု ကောတို့ လက်ထပ်ပွဲနီးနေပြီမို ကောတို့ မင်္ဂလာဖိတ်စာ ရွေးနေကြချိန် မိဘအိမ်ပြန်လာကာ ပွဲအတွက် သူ ကူပေးစရာရှိတာ ကူပေးရန် ရောက်လာခြင်းပင်။
အခု အရှေ့မှာ ပါးနဲ့အတူ စကားပြောနေကြတဲ့ လူကြီးတို့အတွက် လက်ဖက်ရည်ကြမ်းကို ပြင်ဆင်ပေးနေရင်း မား စကားကြောင့် အံြသသွားရလေသည်။
သူ လက်ထပ်ထားတာမှ နှစ်ပတ်ပဲ ရှိပါသေးတယ် မားက ချက်ချင်းပဲ ကလေးယူဖို့တောင် သူ့ကို ပြောနေပါလား။
"ဒါပေမဲ့လည်း လျန်အာရယ်"
"မား သားအသက်က အခုမှ ၁၉ထဲ ဝင်တုန်းနော် ၊ ပြီးတော့ လက်ထပ်ထားတာ ၂ပတ်ကျော်လေးပဲ ရှိသေးတယ် မား ကလေး တန်းမွေးခိုင်းနေပြီလား "
"မားလည်း သားအရွယ်တုန်းကလောက်ပဲ သားတို့ကို လွယ်ထားရတာလေ"
"မား...."
"သား ပါးကလည်း မေးနေပြီ မြေးမချီရသေးဘူးလားတဲ့."
"မားနော် မြေးလိုချင်ရင် ကောတစ်ယောက်လုံး ရှိရဲ့သားနဲ့ ကောနဲ့ ပိုင်လန်တို့ လက်ထပ်ပြီးသွားရင် ကလေးယူခိုင်းလိုက်လေ"
"ဟင်း ဒီညီအကိုနှစ်ယောက်ကတော့ တစ်ယောက်ကို တစ်ယောက် လွဲချနေတော့ပါပဲ၊ကဲ့ ကဲ့ အဲ့ကိစ္စတွေ နောက်မှပြောတော့မယ် အခုလောလောဆယ်တော့ မားကို ဒါလေးတွေ အရှေ့ကို ကူသယ်ပေးပါဦး"
တစ်နေ့လုံး ပါးတို့စီမှာ နေပြီး ညနေမိုးချုပ်မှ စစ်လျန်မိမိတို့အိမ်ကို ပြန်လာခဲ့တာဖြစ်သည်
တစ်လမ်းလုံး စစ်လျန် အဲ့ကလေး ကိစ္စကို တွေးနေတာ အခု အိပ်ခါနီး ထိုလူကြီး ကိုယ်လက်သန့်စင်ပြီး ကုတင်ပေါ်တက်ကာ မိမိအား ပွေ့ဖက်လာတာတောင် စစ်လျန် ထိုမှာ အာရုံမရှိပေ။
စစ်လျန် ထိုသို့ အာရုံမရှိတာကို ရွမ်းယုကလည်း နားလည်သည်။

ŞİMDİ OKUDUĞUN
Candy(U+Z)[Complete]
Rastgeleလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021