<Unicode>
"ရုံယုံ မင်းသိပြီးပြီးလား"
"ဘာကိုလည်း"
အားကစားချိန်ဖြစ်တာမို့ ဘောလုံးကွင်းထဲ၌ အတန်းဖော်များဖြင့် ကစားနေသော ရုံယုံတစ်ယောက် အလောတကြီးဖြစ်လာသော ကျန်းကျွင့်အား လှည့်ကြည့်လိုက်သည်။
ရုံယုံ၏ သေးငယ်သည့် မျက်နှာလေးဟာ ချွေးစို့ကာ နေမင်း၏ အပူချိန်အောက်၌ ပုစွန်ထုပ်လေးသဖွယ် နီရဲနေလေသည်။
အားကစားဝတ်စုံ၏ ကျယ်ပြောလှသော ဂျိုင်းပေါက်က ဖြူဥသော လက််မောင်းများကို ဖော်ပြနေကာ သေချာကြည့်ပါက ထိုလက််မောင်းလေးများဟာလည်း နေရောင်အောက််မှာ နီနေသည်ကို မြင်တွေ့နိုင်သည်။
ဘာမှမထူးဆန်းပါပဲ သာမန်ကာလျှံကာ နှုတ်ဆက််လိုက်သော် ရုံယုံ၏ပုံစံက
သူငယ်ချင်းအရင်းကြီးဖြစ်သော ကျန်းကျွင့်ပင် ငေးမှိုင်သွားစေသည်။ကျန်းကျွင့်က ဘာစိတ်ကူးမှမရှိပဲ လင်းလက်နေသော သူငယ်ချင်းဖြစ်သူ ရုံယုံကို ငေးကြည့်နေရင်း ရုတ်တရက် စီနီယာ၏ မျက်နှာကို မြင်ယောင်လာလေသည်။
ထိုအခါ ကြက်သီးများပင်ထကာ အသိစိတ်ဝင်စေရန် သူ၏ ပါးအားနှစ်ချက်လောက် ချလိုက်လေသည်။
"ကျန်းကျွင့် မင်းရူးသွားပြီလား"
ရုံယုံက သူအနားရောက်ရင်ပဲ ကိုယ့်ကိုယ်ကို ပါးရိုက်နေသော ကျန်းကျွင့်အား တားရလေသည်။
"ဟမ် ငါ"
"မင်း ဘာဖြစ်နေတာလည်း"
"arr မဟုတ်တော့ဘူး"
"ဒါနဲ့ မင်းဘာပြောမလို့လည်း"
"ဟေ အေး ငါမေ့သွားလို့ မင်းသိပြီးပြီးလား ကျုံးရှစ်က စီနီယာကို စိန်ခေါ်လိုက်တာ အခု နှစ်ယောက်ပြိုင်တော့မယ်တဲ့"
"ဟမ် ကျုံးရှစ်က ဘယ်သူလည်း"
ကျန်းကျွင့်က ရုံယုံ၏ ဘာမှမသိသော မျက်နှာလေးကိုကြည့်ကာ သက်ပြင်းချလိုက်ရင်း....
"ဟိုတစ်ခေါက် ရေကူးပြိုင်ပွဲမှာ စီနီယာ့ကို ရှုံးသွားတဲ့တစ်ယောက်လေ အရင်ကတည်းက သူ့က စီနီယာ့ကို မကျေနပ်နေတာ အဲတာ ဒီနေ့ ကန်တင်းမှာ စီနီယာ့ သူငယ်ချင်းနဲ့ ကတောက်ကဆတ်ဖြစ်ကြရင်း အခု သူက စီနီယာကို ပြိုင်ဖို့ စိန်ခေါ်လိုက်တာ"

YOU ARE READING
Candy(U+Z)[Complete]
Randomလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021