<Unicode>
အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ စစ်လျန်နဲ့ပိုင်လန်တောင် အထက်တန်း နောက်ဆုံးနှစ်ကို ရောက်ရှိလာခဲ့ပြီဖြစ်သည်
ဒါပေါ့ ၁၈နှစ်အရွယ် စစ်လျန်နဲ့ပိုင်လန်ရဲ့ အရွယ်စုံတာနဲ့ ပိုမိုလှပလာတဲ့ အလှအပတွေကြောင့် ဥစ္စာခြောက်မတက် နေတိုင်းကျောင်းလာကြိုပြီး ပိုးပန်းသူတွေကို ဒါ သူတို့ရဲ့ချစ်သူဟု ပိုင်စိုးပိုင်နင်းပြနေရတဲ့ ဟန်ရွမ်းယုနဲ့ ရှင်းစစ်ချင်ရဲ့ နေ့တိုင်းသွေးကျဆေးသောက်ရတဲ့ အဖြစ်ဟာလည်း ပုံမှန်လိုပင်။
"ကောတို့လက်ထပ်မှ ခမ်ဗျားကို လက်ထပ်မည်"ဟုပြောတဲ့ စစ်လျန်ရဲ့ စကားကြောင့် ဟန်ရွမ်းယု တစ်ယောက် စစ်ချင်အား လက်ထပ်ရန် အလျှင်အမြန် တိုက်တွန်းရလေးသည်။
ဟန်ရွမ်းယုရဲ့ တိုက်တွန်းမှု့တွေ့ကြောင့် ပိုင်လန်အထက်တန်းပြီးရင် လက်ထပ်ကြမည်ဟု စစ်ချင်ရဲ့ ဆုံးဖြတ်ချက်ကို ကြားကထဲက ရွမ်းယုဟာ သူအခုနေထိုင်ရာအိမ်အား စစ်လျန်နှင့်လက်ထပ်ရင် နေဖို့ စစ်လျန်သဘောကျ အဖြူရောင်တွေနဲ့ အခုကထဲက ပြင်ဆင်နေပါတော့သည်။
"honey နာမည်ခေါ်နေပြီ honey"
"အင်း ကျွန်တော်သိပြီ",,စစ်လျန်အခု ထိုလူကြီးနှင့် ဆေးရုံကိုရောက်ရှိနေတာဖြစ်သည်။
စစ်လျန် အသက်ပြည့်ပြီဆိုတော့ စစ်လျန်ရဲ့ ဂလင်း ဖွံ့ဖြိုးမှု့ကို ဆေးစစ်ရခြင်းပင်ဖြစ်သည်။
အစက မားနှင့်သွားရန် လုပ်ထားသည့်ကိစ္စပို အဲ့လူကြီးက မားအား ဘယ်လိုပြောလိုက်လည်း မသိပါဘူး မားကလိုက်မလာတော့ပေ။
အခုလိုအပ်တဲ့ ဆေးစစ်ချက်တွေအကုန် စစ်ဆေးပြီးသွားတာနဲ ယခုဆရာဝန်ရုံးခန်းထဲမှာ စစ်လျန်ထိုင်နေတာဖြစ်သည်။
ဒါတောင် စစ်လျန်နဲ့အတူ အထဲလိုက်ဝင်ဖို့ လုပ်နေတဲ့လူကြီးကြောင့်"ခမ်ဗျားက အထဲကို ဘာလိုက်လုပ်မှာလည်းဆိုပြီး"ဟိုလူကြီးကို အပြင်မှာ နေခိုင်းထားခဲ့လို့ပင်။
"ကျွန်တော့် ဆေးစစ်ချက်တွေက ဘယ်လိုလည်း ဒေါက်တာ"
"ဆေးစစ်ချက်တွေက အကုန်ကောင်းပါတယ် အသက်လည်းပြည့်ပြီဆိုတော့ ဂလင်းကလည်း ကောင်းကောင်းဖွံဖြိုးနေပြီ၊pheromoneတွေကလည်း ထိန်းချုပ်လို့နေပြီ ဒါပေမဲ့...."

YOU ARE READING
Candy(U+Z)[Complete]
Randomလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021