Extra (4)

5.8K 278 7
                                    

<Unicode>

"ကျန်းကျွင့် ကိုယ်တို့နဲ့ကစားဖို့ လူလိုနေလို့ ဝင် Join ပါလား "

အားကစားချိန်မို့ ကျောင်းဘောလုံးကွင်းထဲမှာ ကျန်းကျွင့်နှင့်အတူထိုင်နေစဥ် ရောက်လာသော စီနီယာတို့ အုပ်စုကြောင့် ရုံယုံ၏ ကျောကလေး မတ်ခနဲပင်ဖြစ်သွားရသည်။

ကြောင်အနေသည့် ကျန်းကျွင့်ကိုလွန်၍
မဝံ့မရဲ မော့ကြည့်မိသည့်အခါ သူ့ထံစူးရဲစွာ ကျရောက်နေသော စီနီယာအကြည့်။

ရုံယုံက အသဲကွဲနေသည့် ခံစားချက်က လတ်လတ်ဆတ်ဆတ်မို့ ခန့်မှန်းရခက််သည့် စီနီယာအကြည့်တို့ကြားမှာ အလိုမကျဟန် မျက်နှာကို ချက်ချင်းလွှဲပစ်လိုက််မိသည်။

အခု့လိုချိန် ရုံယုံ စီနီယာကို မတွေ့ချင်ပါ။

လူကို မျှော်လင့်ချက်လိုိလို ဘာလိုိလိုတွေ‌ေပးသလိုလုပ်ပြီး ချစ်သူရှိနေတဲ့လူကို ရုံယုံ မကြည့်နိုင်ပေ။

ငယ်ရွယ်သေးသည့် ကောင်ကလေးသာမို့ ရုံယုံ၏ ကလေးဆန်သော အပြုအမူမှာ ဟန်မုကွမ်း၏ မျက်ခုံးများ အလိုမကျစွာ စုံကျုံသွားလေသည်။

နေပူပူကျဲကျဲထဲ အကာအကွယ်မရှိပဲ ထိုင်နေသည့် နီရဲနေသည့် ကောင်လေးကို သေချာကြည့်မိနေသည်။

လက််မောင်းသားတွေကအစ နီရဲနေပြီး ချွေးစို့နေသော နားသယ်စပ်နားတစ်လျောက်။

ကျစ် ထီးမပါ ဘာမပါကွာ။

ဘတ်စကတ်ဘော ဘောလုံးကို တင်းတင်းဆုပ်ကိုင်၍ စိတ်မကြည်သည့် ဟန်မုကွမ်းက ဒေါသထွက်နေသည့်ပုံ။

ကျန်းကျွင့်က စီနီယာတို့ အုပ်စုနှင့် သေချာပေါက် ကစားရမည်ဆို ပျော်ပေမဲ့ ငိုမဲ့မဲ့ ရုံယုံမျက််နှာကိုမြင်တော့ ဝေခဲရခက်နေလေသည်။

ရုံယုံက သူ့ကြောင့် ကျန်းကျွင့် ခက်ခဲနေပုံကို တွေ့တာကြောင့် အလိုက်တသိ ထိုနေရာမှထကာ....

"ငါ အတန်းခေါင်းဆောင်တို့ဆီ သွားတော့မယ် "

ဟုတ် ပြောကာ စီနီယာများကို နှုတ်ဆက််သွားလေသည်။

Candy(U+Z)[Complete]Where stories live. Discover now