<Unicode>
"အချစ်..."
အင်း...တစ်စုံတစ်ယောက်ကို အချိန်အကြာကြီး ငေးကြည့်နေခဲ့ရတယ်....
ကိုယ့်အတွက် ဘယ်တော့မှ ြဖစ်တည်မလာနိုင်တဲ့ လူတစ်ယောက်ကိုပေါ့.....
ဘာမှသိမ်ငယ်မှု့မရှိပဲ ဘဝကိုပြီးပြည့်စုံအောင် နေခဲ့ရတဲ့ သူဟာ ထိုလူရဲ့ မသိချင်ယောင် ဆောင်နေခြင်းမှာ သိမ်ငယ်ခဲ့ရဖူးတယ်......
အမြဲတမ်း ငေးကြည့်နေခဲ့ရပြီး သူလိုချင်တာ မှန်သမျှကို ဖြည့်ဆည်းပေးချင်တဲ့ စိတ်တွေနဲ့ပေါ့.....
အကြိမ်ကြိမ်ဖွင့်ပြောချင်တဲ့ စိတ်တွေဟာ စိမ်းကားတဲ့ အကြည့်တွေနဲ့ တစ်ချက်တစ်ချက် ကြည့်လာတဲ့ သူရဲ့ အကြည့်တွေအောက်မှာ အကုန် ပျောက်ကွယ်သွားခဲ့ရတယ်........
ဖွင့်ဟဝန်ခံလို့မရနိုင်တဲ့ စိတ်ဟာ အရမ်းခံစားရခက်လွန်းတယ် ကိုယ်ဟာ ဘာအပြစ်မှမလုပ်ပဲနဲ့ပင် ငေးကြည့်မိလိုက်တိုင်းမှာ မသတီသလို အကြည့်တွေနဲ့ ရင်ဆိုင်ခဲ့ရတယ်.......
ငါက မိန်းခလေးပဲ ကြိုက်တာဆိုတဲ့ လာရောက် ဝန်ခံတဲ့ အခြားကောင်လေးတစ်ယောက်ကို ပြောနေတဲ့ သူစကား....
မကြားချင်ပေမဲ့လည်း ကြားနေရတဲ့ နောက်ကျောဘက်မှ သူစကားကြောင့်
ဘဝမှာ ပထမဦးဆုံအနေနဲ့ ယောက်ကျာ်းလေး ဖြစ်ရခြင်းကို မုန်းတီးခဲ့တယ်.....လူတွေဟာ သူ့ကို အဖိုးတန်လူသားအနေနဲ့ အားကျနေခဲ့ပေမဲ့ ထိုလူမျက်လုံးထဲမှာတော့ ကိုယ်ဟာ မုန်းစရာလူသားတစ်ယောက် ပါပဲ......
ဘာမှ မလုပ်ပဲနဲ့တင် အပြစ်သားတစ်ယောက်လိုပဲ ခံစားခဲ့ရတယ်.....
မည်သူတစ်ဦးတစ်ယောက်ကိုမှ မနာလိုစိတ်မရှိခဲ့တဲ့ သူဟာ ထိုလူရဲ့ ချစ်ရသူအေပါ်မှာတောင် မကွယ်ဝှက်တမ်းပြောရရင် မနာလိုမိပါတယ်....
တစ်ခါလေးပါပဲ တစ်ကယ်တစ်ခါလေးပါပဲ သူမကို ပြုံးပြတဲ့ အပြုံးတစ်ခုလောက်တော့ သူအပေါ်စွန်ကျဲစေချင်မိပါသည်.....
ဘာမှမလိုပဲ အပြုံးလေးတစ်ခုသာ တောင်းဆိုချင်မိတာပါ.....
အသက်ထက် ပိုချစ်မြတ်နိုးမိတဲ့ သူဖြစ်တာကြောင့် နောက်ဆုံးထွက်သွက်အထိ အသက်နဲ့လဲ ကာကွယ်ခဲ့ပေမဲ့ သူဟာ ကိုယ့်ကို တစ်ခါလေးတောင် ပြန်ငဲမကြည့်ခဲ့ပါ....

YOU ARE READING
Candy(U+Z)[Complete]
Randomလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021