Part 40

10K 690 5
                                    

<Unicode>

တိတ်ဆိတ်နေတဲ့ ညကြီးအချိန်မတော် ကလေးငိုသံကြားတာနဲ့ စစ်လျန် မျက်လုံးတွေကို အလန့်တကြားဖွင့်ကာ မိမိခါးထက််မှ Darling လက်တွေကို ဖယ်ထုတ်ရင်း ကုတင်တစ်ဖက်ခြမ်းရှိ ပုခက်ထဲက သားရှိရာကို သွက်လက်စွာ သွားရတော့သည်။

ကလေးသဘာဝ အိပ်မက််ဆိုးမက််လို့ထင်ပါရဲ့ ကြောက်လန့်ပြီး မျက်ရည်တွေ တလိမ့်လိမ့်ကျဆင်းနေတဲ့ ဖရဲသီ‌ေလးကို အငိုတိတ်အောင် ချော့မြှူရင်း စစ်လျန် ဝမ်းနည်းလာရသည်။

ဖရဲသီးလေး အငိုတိတ်စေရန် ချော့မောပြီး နို့တိုက်တော့ ခဏသာသောက်ပြီး ပြန်အော်ငိုနေတဲ့ သားကြောင့် စစ်လျန် စိတ်မကောင်းဖြစ်ရသည်။

ငိုထားလို့ရဲတက်နေတဲ့ သားမျက်နှာလေးထက််မှ မျက်ရည်တွေက စစ်လျန်၏ ရင်ဘတ်ကို ဓားနှင့်ထိုးသွင်းနေသလိုပင် ခံစားနေရသည်။

မိဘဆိုတာ ဒီလိုစိတ်မျိုးဖြစ်ပါလိမ့်မယ်။

ထိခိုက်ဒဏ်ရာရလို့ ငိုတာတောင် မဟုတ်ပေမဲ့ သားသမီးဝမ်းနည်းတော့ မိဘက ပိုဝမ်းနည်းရသည်။

အထူးသဖြင့် အခုလို ဖရဲသီးလေးရဲ့ မျက်ရည်တွေကို မြင်ရတာ သူ့ရင်ထဲမှာတော့ အတော်ကို ပူလောင်ပါသည်။

အချိန်နည်းနည်းကြာမှ တဖြေးဖြေးငြိမ်ကျသွားတဲ့ ဖရဲသီးလေးရဲ့ ကျောကုန်း သေးသေးလေးကို လက်ဖြင့် ဖြေးညှင်းစွာ သပ်ချပေးရင်း အခန်းထဲမှာ လမ်းအနည်းငယ် လျှောက်ပေးမိသည်။

"ပါးပါးရဲ့ ကွမ်းကွမ်းလေးက အိမ်မက််ဆိုးမက််တော့ ဝမ်းနည်းသွားတာထင်တယ်...ကျွတ်စ်..ကျွတ်စ်...ဘာမှမဖြစ်ဘူးနော်၊ ပါးပါးတစ်ယောက်လုံးရှိတယ်"

သူ့စကားကို  ဖရဲသီး‌ေလးနားမလည်သေးမှန်း သိပေမဲ့လည်း သားအား နွေးထွေးမှု့ကို ခံစားမိစေရန်အလိုဌာ ဤသို့ပြုမှုမိသည်။

ထိုသို့ စစ်လျန် သားကို သိပ်နေစဥ်မှာပဲ Darling တစ်ယောက် နိုးလာပြီး မီးတွေ ဖွင့်ကာ စစ်လျန် အနားကို ရောက်လာတော့သည်။

စစ်လျန် သူ့အနားရောက်လာတဲ့ Darling အား လက်ညှိုးကို နှုတ်ခမ်းနားတေ့၍ တိတ်တိတ်နေရန် အချက်ပြတော့ Darlingက အလိုသိစွာ ဘာစကားမှမထွက်ပဲ စစ်လျန် ရင်ခွင်ထဲက သားကို ငေးကြည့်လေသည်။

Candy(U+Z)[Complete]Donde viven las historias. Descúbrelo ahora