<Unicode>
တဖြေးဖြေးနဲ့ စစ်လျန်တို့ လပတ်စာပေးပွဲဟာ နီးကပ်လာလေပြီ ဖြစ်သည်...
စစ်လျန် သူသက်သာလာတာနဲ့ ပိုင်လန်ကို ခေါ်မှာ စာအမြဲလုပ်လေ့ရှိသည်...
စစ်လျန်တို့ဟာ အထက်တန်း ဒုတိယနှစ် ကျောင်းသားတွေ ဖြစ်တာကြောင့် ကျောင်းမှ လပတ်စာမေးပွဲနီးနေပြီ ဖြစ်၍ ကျောင်းသားများအား ကျောင်းသို့ မလာခိုင်းတော့ပဲ ကိုယ်ပိုင်စာကြည့်ချိန်ဟုဆိုကာ အိမ်မှာသာ စာကြည့်စေသည်...
လပတ်စာမေးပွဲက နီးကပ်လာတာနဲ့အမျှ စစ်လျန်နဲ့ ပိုင်လန်ဟာလည်း သူငယ်ချင်းအရင်းတွေလို ပြောဆိုဆက်ဆံလာကြသည်..
အထူးသဖြင့် စစ်လျန်...
အရင်တုန်းက စစ်လျန်ဟာ အနေအေးသလောက် သူများနဲ့ဆို စကားနည်းတက်ပေမဲ့ အခု ပိုင်လန်နဲ့ဆို စကားတွေ အများကြီးပြောလေ့ရှိကာ တစ်ခါတစ်လေ စနောက်ကြတဲ့အထိပင်.....
ထိုသို ရင်းနှီးလာကြတာနဲ့အမျှ ပိုင်လန်ဟာလည်း တစ်ခါတလေ စစ်လျန်နဲ့ စာလုပ်ပြီး နောက်ကျသွားတဲ့နေတွေဆို စစ်လျန်တို့ အိမ်မှာ အိပ်သွားလေ့ရှိသည်...
သေချာတာပေါ့ ထိုအခွင့်အရေးကို စစ်လျန်က ကောင်းကောင်း အသုံးချကာ
ပိုင်လန်အိပ်တဲ့ အခန်းကို ကောနဲ့မျက်နှာချင်းဆိုင်အခန်းမှာ ထားထားလေသည်...ပိုင်လန် မိဘတွေဟာလည်း စစ်လျန်တို့အိမ်ဆို ပိုင်လန်ကို စိတ်ချလေသည်..
စိတ်ချတယ်ဆိုတာ အခြားမဟုတ် မားဟာ ပိုင်လန်အမေကို သွားတွေ့ပြီး သူမပိုင်လန်အပေါ် ဘယ်လိုသဘောထားကြောင့်း စကားစထားတော့ ပိုင်လန်အမေဟာလည်း မားရဲ့ စကားကြောင့် ပိုင်လန်ကို သူတို့နဲ့ဆို ယုံယုံကြည်ကြည် လွှတ်ပေးထားခြင်းပင်..
ဒီသတင်းကို မားက သူတို့ကို အသိပေးတုန်းကဆို ကောတစ်ယောက် ပါးစပ်တောင် မစိနိုင်လောက်အောင် ပျော်နေသေးသည်...
ပါးဟာလည်း မားသဘောကို မတားမြစ် စစ်လျန်ကလည်း ပိုင်လန်ကို ခဲအို တော်ဖို့အတွက် အဆင်လည်းပြေ အဆိုးဆုံးက ကောက ပိုင်လန်ကို တစ်ကယ် ရူးရူးမူးမူး ဖြစ်နေတော့ သူတို့မိသားစုဘက်မှလည်း okနေပြီဖြစ်သည်..

ESTÁS LEYENDO
Candy(U+Z)[Complete]
De Todoလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021