<Unicode>
နေ့တစ်နေ့ရဲ့ အစမှာ ပြည့်ကျပ်နေတဲ့ အတန်းချိန်တွေကို ငြီးငွေ့လွန်းတဲ့ စိတ်ကြောင့် နောက်တစ်ဘာသာ မဝင်ခင်မှာတင် လွယ်အိတ်ကို တစ်စောင်းလွယ်ကာ နားကြပ်တပ်ပြီး အတန်းထဲမှ ထွက်ခွာသွားတဲ့ စစ်လျန်.....
ကျောင်းရဲ့ မင်းသားလေး အခန်းထဲက ထွက်သွားတာနဲ့ အနောက်က လိုက်ပါနေတဲ့ မျက်လုံးတွေနဲ့ မင်းသားလေး အနောက်ကို တိုးတိုးတိတ်တိတ် လိုက်သွားကြတဲ့ သူတွေ.....
ထိုသို့ မင်းသားလေး နောက်ကလိုက်ပါသွားကြတဲ့ သူတွေထဲမှာ ကျန်းရန်ဝေ့ ပါအဆစ်ပါလေသည်.....
တခြားသူတွေကတော့ ထိုသိုလိုက်ထွက်ခါနီး ဆရာ ရောက်လာကြသဖြင့် အတန်းထဲမှာ ငြိမ်ကုပ်နေခဲ့ကြရသည်.....
အတန်းထဲ ဝင်တဲ့ ဆရာက ထက်ဝက်ခန့်သာ ရှိတဲ့ ကျောင်းသားဦးရေကို ကြည့်ပြီး ဘာဖြစ်ခဲ့လဲဆိုတာ အကြမ်းမျဥ်း နားလည်သွားလေသည်....
အင်း နာမည်ပြီးရှင်းစစ်လျန်တောင် အခန်းထဲမှာ ရှိမနေမှတော့ ဒီလောက် လူထပ်ဝက်ပဲ ကျန်နေတာ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပေ.....
ရှင်းစစ်လျန် အင်း ထိုကလေးဟာ သူအတန်းချိန်ကို တစ်ခါတစ်ရံ မတက်ရောက်ပေမဲ့လည်း ဘယ်တော့မှ အမှတ်ပြည့်ကနေ မဆင်းတဲ့ ကျောင်းသား....
သူအတန်းချိန်တင် မဟုတ် တစ်ခါတစ်ရံ တစ်ခြား ဆရာတွေ အချိန်မှာပါ အတန်းထဲ ရှိမနေခြင်းပင်.....
ထိုကလေးကို လိုက်အတုယူတဲ့ ကလေးတွေကြောင့် မင်းမဟုတ်တာတွေ သင်ပေးမနေနဲ့လို ဆူပူချင်ပေမဲ့လည်း ထိုကလေးဟာ စာတော်နေတဲ့အပြင် SM Groupရဲ့ သဲသဲလှုပ်သား ဖြစ်နေတော့ ကျောင်းကဆရာမတွေ မဆိုနဲ့ ကျောင်းအုပ်ကြီးတောင်ဘာမှပြန်မပြောရဲ့ပေ....
အဲ့လိုဆိုပြီး ကျန်းရန်ဝေ့ ကဒီအခန်းကို ပြောင်းလာတယ်ဆိုလို့ စိတ်အေးရမယ် မှတ်တာ ကျန်းရန်ဝေ့ကပါ အတန်းထဲမှာ မရှိပေ.....
ဆရာ သူရဲ့ ဆိုးရွားလှတဲ့ ကံတရားကိုသာ အပြစ်တင်ပြီး ကျန်တဲ့ ကျောင်းသားတွေကိုသာ စာသင်ကြားရလေသည်....

YOU ARE READING
Candy(U+Z)[Complete]
Randomလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021