<Unicode>
စစ်လျန် စာမေးပွဲ ဖြေပြီးတာနဲ့ ကျောင်းက ပိတ်ထားတော့ ပျင်းရိနေလေသည်..
အဲ့လိုဆိုပြီး ပိုင်လန်ကို ခေါ်ရမလား မှတ်ပါတယ် ပိုင်လန် တစ်ယောက် တနေ့က ကောရဲ့ ဖွင့်ဟစကားကြောင့် အနေခက်ပြီး စစ်လျန်တို့ အိမ်ကို မလာတော့ပါ...
သို့သော် အဲ့လို ပိုင်လန်ကမလာတော့ ကောကဒီတိုင်းနေမယ်တဲ့လား သူ့အလုပ်က ပြန်လာတိုင်း အိမ်ကိုအရင်မလာပဲ ပိုင်လန်အိမ်ကို အရင်သွားပြီး ပိုင်လန် အဖေနဲ့ အမေကို သူဘက်ပါအောင် ဆွယ်တယ်တဲ့လေ....
အင်း တနေ့...တနေ့ကဆိုမှ စစ်လျန် ဟို လူယုတ်မာကြီး အကြောင်းကို ပြန်စဥ်းစားမိလေသည်..
အခုထိ နားထဲက မထွက်ဘူး စစ်လျန်ကို အဲ့လူ heatဝင်အောင် လုပ်ပစ်မယ်ဆိုတဲ့ စကားကြောင့် ဒီကနေ့ စစ်လျန် မားနဲ့အတူ ဆေးရုံမှာ ဒီလအတွက် heat တားဆေး ကြိုပြီး သွားထိုးမည်ဖြစ်သည်..
ပုံမှန်က heat ဝင်လာခါနီး ၁ပတ်ဆို ကြိုသိနိုင်ပေမဲ့ အဲ့လူကြီးေကြာင့ ်အခုလို ဆေးကြိုထိုးခြင်းပင်...
အဟမ်း ဒီလိုလုပ်တာက စစ်လျန် ဟိုလူကြီးကို ကြောက်လို့တော့ မဟုတ်ပါဘူး ဒီတိုင်း ဆေးထိုးရမှာပဲဆိုတော့ ကြိုထိုးထားလိုက်တာ...
အဲ့တာပါပဲ အဲ့လောက်ပါပဲ သူက ဘာလို့ အဲ့လူကို ကြောက်ရမှာလည်း နိုးပါနော် စိတ်မဝင်စားဘူး...
အဲ့လိုနဲ့ စစ်လျန် နေလည် ဆေးရုံမသွားခင် ပန်းလေးတွေရဲ့ ဒဏ္ဍာရီလေးတွေကို ဖတ်ရင်း တစ်ခုကို သွားသတိထားမိလိုက်သည်..
စစ်လျန်ကို မားက ပြောဖူးတယ် "ဒုဓလီပန်းလေးတွေကို တစ်ပွင့်ချင်းစီ မှုတ်ရင်း ဆုတောင်းရင် အဲ့ဆုတောင်းက ပြည့်တယ်တဲ့"
အခု ဒီစာအုပ်မှာလည်း အဲ့လိုပဲ ပြောထားတယ် ဒါဆို အမှန်ပဲလား...
တွေးရင်း ကြားဖူးတဲ့ သီချင်းတစ်ပုဒ်ကို လိုင်းပေါ်က ရှာကာ ဖွင့်ပြီး နားထောင်မိလေသည်...
🎶 🎶 🎶 🎶
"Maybe it's the way you say my name..."
"အဲ့ဒါက နင်ငါ့နာမည်ကို ခေါ်တဲ့ နင့်ရဲ့ ခေါ်ဝေါ် ပုံလေးဖြစ်ရင် ဖြစ်ချင်ဖြစ်မယ်"

YOU ARE READING
Candy(U+Z)[Complete]
Randomလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021