Part 6

14.5K 1.1K 35
                                    

<Unicode>

"စစ်လျန် ဒီနေ့လည်း အဲ့ပန်းတွေ ရောက်လာပြန်ပြီ...."

ပိုင်လန် သူပြောတော့ စစ်လျန်ထံမှ ထိုပန်းတွေကို ကြည့်ပြီး ကျစ်စုတ်သံ ထွက်ပေါ်လာလေသည်....

၁ပတ်ဆိုတဲ့ ကာလအတွင်းမှာ ပိုင်လန်ဟာ စစ်လျန်နဲ့ အရင်ကထက်စာရင် အနည်းငယ် ပိုရင်းနှီးလာလေပြီ.....

စစ်လျန်ဟာ သူကို အရင်ကလို အေးတိအေးစက် မဟုတ်တော့ပဲ သူစကားပြောလျှင် ပြန်ပြောကာ သူနှင့်တူတူလည်း ကန်တင်းကို သွားလေ့ရှိသည်......

အခုလည်း ရက်သတ္တပတ် ကြာတဲ့အထိ နေစဥ်နေ့တိုင်း စစ်လျန်စီရောက်လာတက်တဲ့ စျေးကြီးကာ များပြားလွန်းတဲ့ နှင်းဆီတွေ.........

ထိုပန်းတွေ စစရတုန်းကဆို စစ်လျန်ဟာ ထိုပန်းမှာပါတဲ့ စာကိုဖတ်ပြီး ထိုလှပလွန်းတဲ့ နှင်းဆီ၉၉၉ပွင့်ကို တစ်ချက်တောင် မွှေးကြူခြင်းမရှိပဲ တစစီလုပ်ကာ အမှိုက်ပုံးထဲကို လွင့်ပစ်ခဲ့သည်....

ပိုင်လန် မှတ်မိပါသေးတယ် အဲ့နေက ပန်းမှာပါတဲ့ စစ်လျန်ကို ပေးတဲ့စာ ဘာတဲ့ "လျန်အာ ဒီနှင်းဆီတွေက မင်းလေးရဲ့ သင်းရနံကို မမှီပေမဲ့ ကိုယ့်အတွက်တော့ မင်းကို လွမ်းတိုင်းကြည့်နိုင်တဲ့ တစ်ခုထဲသော ကိုယ့်ရဲ့ အချစ်သင်္ကေတဆိုပဲ....."

ထိုသို စာကို စစ်လျန်ဟာ ဒေါသတကြီးကို ဖြဲကာ နှင်းဆီတွေကိုလည်း တစ်စစီ ဆွဲဖြုတ်ပစ်ပြီး အမှိုက်ပုံးထဲ ထည့်ပစ်လေ၏...

သို့သော် အရည်အသွေး ကောင်းလွန်းတဲ့ ထိုနှင်းဆီတွေဟာ အမှိုက်ပုံးထဲ ရောက်တာတောင် သူတို့ရဲ့ အခန်းတစ်ခုလုံး အမွှေးရနံ့တွေ သင်းပျံနေဆဲပင်....

သို့သော် ပိုင်လန်ကတော့ ထိုနှင်းဆီတွေကို အရမ်းနှမြောလွန်းတာကြောင့် နောက်နေ့ ထိုနှင်းဆီထပ်ရောက်လာရင် စစ်လျန်စီကနေ တောင်းတော့ စစ်လျန်ဟာ လိုချင်ရင် ယူသွားလို့ ပေးလိုက်လေသည်....

ပိုင်လန်ထို နှင်းဆီပန်းတွေ တောင်းတာ တခြားမဟုတ် သူမားနဲ့ပါးက ဝန်ထမ်းတွေဆိုတော့ သူတို့မှာ လစာအပြင် တခြားစရိတ် အပိုမရှိပေ ......

Candy(U+Z)[Complete]Where stories live. Discover now