Part 16

13.2K 898 20
                                    

<Unicode>

စစ်လျန်တို့အခု ကျောင်းဆင်းချိန်ရောက်ပြီဖြစ်တာကြောင့် နှစ်ယောက်သား ကားအလာကိုစောင့်ဆိုင်းနေရသည် ထိုချိန် ပုံမှန်ဆို အေးဆေးလွန်းတဲ့ပိုင်လန်က တစ်ခုခုကို ဂနာမငြိမ်သလို စစ်လျန်အား ခဏခဏကြည်နေတာကြောင့်...

စစ်လျန် ညနေ ဟိုလူကြီး လာကြိုမှာဆိုတာသိပေမဲ့လည်း မပြန်ခင်လေး ပိုင်လန်ကို အစ်ကြည့်ဦးမယ်ဟု တွေးနေချိန် phလာကြောင့် ကိုင်လိုက်တော့ ဟိုလူကြီး...

📞"Hello"

"Hello လျန်အာ ကိုယ်ရောက်နေပြီ လျန်အာတို့ကို လှမ်းမြင်နေရတယ်.."

"အာ ကျွန်တော်သိပြီ ခဏလေးနော်..."

စစ်လျန် phကိုင်ထားရင်းနဲ့ပင်..

"ပိုင်လန် သွားမယ်လေ အိမ်က ကားကရောက်နေပြီတဲ့ .."

"ရောက်...ရောက်နေပြီလား ဒါပေမဲ့ အစောကြီးပဲလားလို့.."

"ဟုတ်တယ် ငါအပြန်သွားစရာလေး ရှိလို့ စောစောလာခိုင်းထားတာ အဲ့တာမှ မင်းကိုအိမ်သေချာပြန်ပို့ပေးပြီး ငါလည်းဆက်သွားရမှာမိုလိုလေ၊လာ....သွားရအောင်လေ."

"အာ...စစ်လျန် အရေးတကြီး သွားစရာရှိလို့လား.."

"အင်း ငါအရေးတကြီး တွေ့စရာလူရှိလို့လေ.."

"အာ ဒါဆို မင်းအရင်ပြန်နှင့်လိုက်လေ ငါ ငါ့ဘာသာပဲ ပြန်လိုက်ပါမယ်.."

"ဟာ မရပါဘူး ငါ့မားက မင်းကို သေချာအိမ်ပို့ခိုင်းထားတာ မင်းတစ်ယောက်ထဲ ပြန်သွားလို့ စိတ်မချပါဘူး လာပါကွာ ငါလိုက်ပို့ပါမယ် .."

"ရ..ရပါတယ် စစ်လျန်ရဲ့ ငါ့ကိုစိတ်မပူပါနဲ့ ငါကအ‌ရေးမကြီးဘူး မင်းကအရေးတကြီး တွေ့ရမဲ့သူရှိတယ်မှလား.."

အိုးဟိုး ပိုင်လန်တစ်ယောက် ဘာလို့ ဒီလောက်တောင် ငြင်းနေရတာပါလိမ့်...

ရွမ်းယု phထဲကအသံတွေနဲ့အတူ ခမ်လှမ်းလှမ်းမှ လျန်အာဆွဲခေါ်နေတာကို လက်ကိုလွှတ်ကာ ရုန်းနေတဲ့ ပိုင်လန်ဆိုတဲ့ ကောင်လေးဆို့ ပုံရိပ်ကိုကြည့်ကာ သဘောတကျ ရယ်မိလေသည်

သူအထင် အဲ့ကောင်လေးက စစ်ချင်ကို စောင့်နေတာ ဖြစ်ပါလိမ့်မယ် အဲ့တာကို လျန်အာက ရိပ်မိတော့ တမင်တကာ ခေါ်နေတာပင်...

Candy(U+Z)[Complete]Where stories live. Discover now