<Unicode>
"အိမ်တော်ထိန်းကြီး ဖရဲသီးခွဲထားတာ သိမ်းထားဦး လျန်အာ အကြောင်းကို သိတယ်မှလား ဖရဲသီးတွေ အများကြီးစားပြီးရင် ထမင်းကျွေးရင် သိပ်မစားချင်တော့ဘူး"
"ဟုတ်ကဲ့ သခင်ကြီး.."
"ဒါနဲ့ လျန်အာက ဘယ်ရောက်သွားတာလည်း "
" သခင်ကြီးဆင်းမလာခင်ကပဲ ခြံထဲဆင်းသွားပါတယ်"
"အော် ကျွန်ေတာ်သိပြီ "
ရွမ်းယု စာကြည့်ခန်းမှာ အလုပ်ကိစ္စ phသွားပြောနေတုန်း ဧည့်ခန်းမှာ ကျန်နေခဲ့တဲ့ လျန်အာကို ရှာမတွေ့တာကြောင့် မေးမြန်းပြီကာမှ လျန်အာရှိတဲ့ ခြံထဲကို ဆင်းရလေသည်။
သူဆင်းလာတော့ ခြံထဲက ဒန်းလေးမှာ ထိုင်ရင်း တစ်ခုခုကို အတွေးလွန်နေပုံရတဲ့ လျန်အား တွေ့လိုက်ရသည်။
"honey...."
"အော် ခမ်ဗျား အလုပ်ကိစ္စ ပြီးသွားပြီလား"
"အင်း ကိုယ်အလုပ်ကိစ္စပြီးပြီး ဒါနဲ့ honeyဘာတွေတွေးနေတာလည်း"
"ကျွန်တော် ကျောင်းကိစ္စတွေးနေတာ၊ ကျွန်တော် ကျောင်းတက်တာလည်း မကြာသေးဘူး ဒါပေမဲ့ အခုကလေးလေးရှိနေတော့......."
ရွမ်းယု ပြောရင်းရပ်သွားတဲ့ လျန်အာစကားအား ဆက်ထောက်ပေးလိုက်လေသည်။
"ကျောင်းလည်းဆက်တက်ချင်တယ်၊ ကလေးကို စဥ်းစားပြီး နားရင်ကောင်းမလားလို့ honey တွေးနေတာမဟုတ်လား"
"ခမ်ဗျား ဘယ်လိုသိလည်း"
ရွမ်းယု အတွေးလွန်နေတဲ့ လျန်အာရဲ့ လက်ကလေးအား ဆုပ်ကိုင်ရင်း...
"ကိုယ်က honeyရဲ့ ခင်ပွန်းလေ ၊ honeyဘာတွေးနေလည်းဆိုတာ ကြည့်ယုံနဲ့ သိတယ်"
"ဒါဆို ကျွန်တော် ဘယ်လိုလုပ်ရမလဲဟင်"
"ဘာမှ မစိုးရိမ်ပါနဲ့ ဒေါက်တာကလည်း ပြောတယ်မှလား ကလေးေလးက အခုမှ လငယ်သေးပေမဲ့ ကိုယ်တို့ သေချာဂရုစိုက်ရင် ရပါတယ်၊ ဒါ့ကြောင့် honeyကျောင်းတက်ချင်ရင် ကျောင်းဆက်တက်လေ ဗိုက်ထွက်လာပြီဆိုမှ online classတက်လိုက်ပေါ့"

YOU ARE READING
Candy(U+Z)[Complete]
Randomလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021