<Unicode>
"ပိစိ...ကလေး..ပိစိထပါဦး..."
ပိုင်လန် နားထဲမှာ တစ်ယောက်ယောက် ခေါ်နေသံနဲ့အတူ ကိုက်ခဲနေတဲ့ ခေါင်းကြောင့် မျက်လုံးဖွင့်ကြည့်မိသည်
မူးဝေနေတဲ့ ခေါင်းက အနည်းငယ် အိပ်ပျော်သွားတော့ အဆင်ပြေသွားလေသည်..
"အင်း အခု ဘယ်ရောက်နေတာလည်း......"
"ကိုယ်တို့အခု ကလေးအိမ်ရှေ့မှာ ရောက်နေတာ..ကလေး အဆင်ပြေရဲ့လား ခေါင်းမူးနေသေးလား.."
"ဟင့်အင်းမမူးတော့ဘူး လူကြီး..."
"တော်သေးတာပေါ့ ကလေး ဘာမှမဖြစ်တော့လို့.."
"အယ် ဒါနဲ့ စစ်လျန်ရော...."
"အင်း လျန်အာကို စိတ်မပူပါနဲ့ ရွမ်းယုက လျန်အာကို အိမ်ပြန်ပို့ပေးနေပြီ.."
"အာ ကျွန်တော်ကို အိမ်ပြန်လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ် ..."
"မလိုပါဘူး ဒါက ကိုယ်လုပ်ပေးချင်လို့ ဒါနဲ့ ပြောပါဦး ကျောင်းကနေ ဘယ်လိုလုပ် Club ရောက်သွားရတာလည်း.."
ပိုင်လန် သူ့အား စူးစိုက်ကြည့်ကာ မေးလာတဲ့ လူကြီးကြောင့် ဘာပြောရမှန်းမသိပေ..
"အာ....ဟို..."
"အင်း ဘာလည်း..."
"အာ အချိန်နောက်ကျနေပြီဆိုတော့ မားတို့စိတ်ပူနေလောက်ပြီ ကျွန်တော်ကိုခွင့်ပြုပါဦး.."
ပိုင်လန် ထိုသို့ပြောပြီတာနဲ့ seat-beltဖြုတ်ကာ ကားတံခါးဖွင့်ပြီး ဆင်းပြေးမည်အပြု အနောက်ကနေ လှမ်းဆွဲကာ ပေါင်ပေါ်တင်ပြီး ပိုင်လန် ခါးကိုဖက်လိုက်တဲ့ လူကြီးကြောင့် ကျောက်ရုပ်သဖွယ် တန်သွားရသည်...
ရှက်သည်။ မိမိက အဲ့လူကြီး ပေါင်ပေါ်မှာထိုင်နေရတယ်ဆိုတဲ့အသိက ပိုင်လန်ကို မျက်နှာထားစရာမရှိလောက်အောင်ပင်
အထူးသဖြင့် မိမိခါးနေရာမှာ တည်ရှိနေတဲ့ လက်ဖဝါးကြီရဲ့ ပူနွေးတဲ့ အထိအတွေ့...
"ဘယ်ကိုဆင်းပြေးမလို စဥ်းစားနေတာလည်း.."
"ဟို လွှတ်ပေးပါ..."

YOU ARE READING
Candy(U+Z)[Complete]
Randomလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021