<Unicode>
Aမြို့ရဲ့ ညချမ်းအချိန်မှာဖြစ်သည်။
တိတ်ဆိတ်နေသည့် စာကြည့်ခန်းထဲ၌
ဘောပင်လေးတစ်ချောင်းနှင့် စာအုပ်ထဲ ခေါင်းစိုက်နေသည့် ကောင်လေးတစ်ယောက်ရှိလေသည်။ထိုချိန်မှာပဲ စာကြည့်ခန်းတံခါးက ပွင့်ဟလာပြီး စာလုပ်ရာမှာသာ အာရုံနစ်ဝင်နေသည့် ထိုကောင်လေးထံ လျှောက်လှမ်းလာသော် ခြေသံကိုကြားလိုက်ရလေတော့သည်။
စာမှာသာ နစ်ဝင်နေသည့် ကောင်လေးက ထိုအရာကိုသတိမထားမိချိန်မှာပဲ ရုတ်တရတ် မြောက်တက်သွားခြင်းခံရလိုက်ကာ တစ်စုံတစ်ဦး၏ ရင်ခွင်ထဲ အံဝင်ခွင်ကျပြိုကျသွားလေတော့သည်။
ရင်းနှီးနေသည့်ကိုယ်သင်းရနံကို ခံစားမိသော် ထိုကောင်လေးက သူအားတင်းကြပ်စွာ ဖက်တွယ်ထားသည့် လူ၏ရင်ခွင်ထဲပို၍ပင်တိုးဝင်လိုက်လေသည်။
ထိုသို့တိုးဝင်နေရင်းနှင့်မှ အစောပိုင်းက အနည်းငယ်သမ်းဝေထားသောကြောင့် ထိုကောင်လေး၏ ကောင်ကင်ပြာရောင် မျက်ဝန်လေးတွေက ဖန်ဂေါ်လီလုံးလေးတွေသဖွယ် တောက်ပကာ ရွှန်းလဲ့နေသည်ကို တွေ့မြင်လိုက်ရသည်။
"Darling..."
"ညနက်ေနပြီလေကွာ...."
"ဒီတစ်ပုဒ်ပြီးရင် ပြီးပါပြီ...."
"ကိုယ်အိပ်လို့မပျော်ဘူး...."
"ကျွန်ေတာ့်ကို ခဏလေးပဲစောင့်နော်..."
နောက်ပါးထံမှ အသံတိတ်ဆိတ်သွားခြင်းနှင့်အတူ စစ်လျန်၏ လည်တိုင်နား ခေါင်းလျှိိုဝင်ကာ Darlingက ငြိမ်သတ်နေလေသည်။
"ကဲ့ ကျွန်တော်ပြီးပြီ၊ သွားအိပ်ကြရအောင်..."
သွားအိပ်ကြရအောင်ဆိုတာနဲ့ စစ်လျန်အား လမ်းပင်လျောက်ခွင့်ပင်မပေးတော့ပဲ ချက်ချင်းပွေ့ချီကာ အိပ်ခန်းဆီသို့ ပြန်လာလေသည့် Darlingကတစ်ကယ်ပင် ကလေးဆိုးကြီးအတိုင်းသာ။
အိပ်ခန်းထဲရောက်တာနဲ့ ရှင်းလင်းနေေသာ ကုတင်ပေါ်မှာ တင်းကြပ်နေအောင် ဖက်တွယ်ခံထားနေရင်းနဲ့မှ ဘေးကိုစောင်းကြည့်တော့ ဖရဲသီးလေးဟာ ကုတင်ဘေးရှိ ကလေးပုခက်အတွင်းမှာ အိပ်မောကျနေသည်ကိုတွေမြင်လိုက်ရသည်။

ŞİMDİ OKUDUĞUN
Candy(U+Z)[Complete]
Rastgeleလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021