Part 22

12.9K 882 11
                                        

<Unicode>

"အဲ့တာတွေ ကြည့်နေတုန်းပဲလား honey"

စစ်လျန် ဟိုလူကြီး အိမ်ကိုလိုက်လာပြီမှ မနက်က ကျောင်းကို အဲ့လူကြီးလိုက်ပို့တုန်းက မိမိတို့ ပုံရိပ်ဟာ weiboမှာ ပျံနေတာကြောင့် ကြည့်မိခြင်းပင်...

အဲ့ထဲမှာမှ တစ်ချို့ကြ စစ်လျန်တို့နှစ်ယောက်အား သဘောတူကြပြီး တစ်ချို့accတွေဆို သူမတို့ရှသွားကြောင်း...

တစ်ချို့ကလည်း အေးဆေးပြီး သတင်းဆိုးထွက်တာမရှိတဲ့ နှစ်ယောက် အခုလို ပုံတွေတက်လာတော့ အံြသမိကြောင်း စသည်ဖြင့် comment အမျိုးမျိုးကိုတွေ့ရလေသည်....

ဒါပေမဲ့လည်း မကောင်းတဲ့ comment တွေစစ်လျန် မတွေ့ပေ....

ဒီလူကြီးအိမ်လိုက်လာကထဲက ကားပေါ်မှာ ကြည့်လာတာ အခု အဲ့လူကြီး ရေမိုးချိုးပြီးပြန်ထွက်လာတဲ့အထိပင်...

"ဒီတိုင်း comment တွေကြည့်ချင်လို့ပါ.."

"အဲ့တာတွေကို ဂရုစိုက်မနေပါနဲ့၊ဒါနဲ့ honey ဗိုက်ဆာနေပြီလား၊ကိုယ် အိမ်တော်ထိန်းကို ညနေစာပြင်ခိုင်းလိုက်ရတော့မလား.."

စစ်လျန် ဧည့်ခန်းထဲမှာ ထိုင်နေရင်း မိမိအားဖက်ကာ ရင်ခွင်ထဲ့ထည့်ထားလူကြီးရဲ့ လက်မောင်းကို ညစ်ရင်း...

"အရမ်းကြီးစားလို့မဖြစ်ဘူး၊အိမ်ရောက်ရင် မားတို့နဲ့ ညစာစားရဦးမယ်..."

ရွမ်းယု လျန်အာရဲ့ အပြောကြောင့် ပြုံးမိပါသည်။

ပြောချင်တာက စားတော့စားမယ် အများကြီးမစားဘူးပေါ့...

မိမိ အသည်းယာအောင် အမျိုးမျိုး ပြုမူတက်တဲ့ဒီကောင်လေးဟာ တစ်ကယ်ဘယ်လိုလေးမှန်းကိုမသိပေ....

"အဟင်း...ဟုတ်ပြီ လျန်အာ သဘောတိုင်းဖြစ်စေရမယ်..."

ထိုသို့ပြောပြီးတာနဲ့ စစ်လျန်ကို စွေ့ခနဲပွေ့ချီသွားတဲ့ လူကြီးလက်ထဲမှာ စစ်လျန်ဟာ ဖားပျံလေးတစ်ကောင်လိုပင်..

နှစ်ယောက်ထဲ တူတူရှိတယ်အချိန်ဆို အနားမှာ လူရှိတာကို မကြိုက်တဲ့ စစ်လျန်ကြောင့် စစ်လျန်တို့ရှိနေတဲ့ ဧည့်ခန်းမှာ ထိုလူကြီးအိမ်က အိမ်စေတွေ တစ်ယောက်မှမရှိပေ...

Candy(U+Z)[Complete]Where stories live. Discover now